Extra 1 : ​ပျော်​ရွှင်​စရာအဆုံးသတ်​ဆိုတာ တကယ်​ရှိပါတယ်「ပျော်ရွှင်စရာအဆုံးသတ်ဆိုတ

4.9K 369 26
                                    


Zawgyi

" .. ​အရမ်းေ​နာက်​ကျသွားတဲ့အတွက်​ ​တောင်းပန်​ပါတယ်​ "

" ... "


ခါးကို တဆုံးထိကိုင်းညွတ်​ပြီး ​​လေး​လေးနက်​နက်​ ​တောင်းပန်​စကားဆို​နေတဲ့ ​ရှောင်းကျန့်​က .. တကယ်​လဲ ​နောင်​တရ​နေဟန်​နဲ့ .. ။

ရိ​ပေါ်က​တော့ အရာအားလုံးကို နားလည်​​ပေးနိုင်​တဲ့ မျက်​ဝန်း​တွေနဲ့ .. အလိုက်​သိစွာ တိတ်​တိတ်​ဆိတ်​ဆိတ်​ရှိ​နေခဲ့ .. ။

မှန်​​ဘောင်​အခန်းငယ်​​လေးရှိတယ်​ .. ။
စိန်​ပွင့်​ငယ်​​တွေ အနားကွပ်​တဲ့ဓာတ်​ပုံ​ဘောင်​ထဲမှာ​တော့ ဖွားက နှစ်​ခြိုက်​စွာ ပြုံးရယ်​​လို့ .. ။

ဦးညွတ်​အရိုအ​သေ​ပေးပြီး​နောက်​ .. ဖွားဓာတ်​ပုံ​ရှေ့ဆီ ဖြူလွလွ သစ်​ခွပန်းအိုး​လေးကို အသာချတယ်​ .. ။

သစ်​ခွဖြူ​တွေရဲ့ အဓိပ္ပါယ်​က ..

" ပြီးခဲ့သမျှအတွက်​ ငါ .. တကယ့်​ကို စိတ်မကောင်းပါဘူး ​၊ အနူးအညွတ်ေ​တာင်းပန်​ပါတယ်​ " တဲ့ .. ။ 
နောက်​တစ်​ခုအ​နေနဲ့ ​နောင်​တတရားရဲ့ သ​င်္ကေတလဲဖြစ်​တယ်​ .. ။

ပန်းအိုးငယ်​ကို လက်​လွှတ်​ပြီးတဲ့​နောက်​ .. မှိုင်​​တွေသွားပြန်​တဲ့သူ့ကို ​မောင်​က အား​ပေးအပြုံး​လေး ပြုံးပြရဲ့ .. ။ ​အေးစက်​​နေတဲ့ လက်​ဖျား​တွေကို ဆွဲယူပြီး​တော့လဲ ​လောင်းကုတ်​အရှည်​ရဲ့ အိတ်​ကပ်​​တွေထဲ ဘယ်​ညာထိုးထည့်​​စေ​သေးတာ .. ။ ဆို​တော့ .. ​မောင်​နဲ့သူက အခုမျက်​နှာချင်းဆိုင်​ကိုမှ ရင်ခွင်ချင်းအပ်ေ​​​​တာ့မတက် ​အ​နေအထားနဲ့ .. ။ ဖွား​ရှေ့တည့်​တည့်​ ဖြစ်​​နေတာမို့ .. အရှက်​သည်းချင်​တဲ့ယုန်​ညို​လေးက ပါးမို့​လေး​တွေ ​ဖျော့​ဖျော့နီတယ်​ .. ။ ယုန်​ညို​လေးနဲ့စာရင်​ အနည်းငယ်​​အရပ်​နိမ့်​ချင်​တဲ့ ယုန်ပိုင်​ရှင်​​ကောင်​​လေးက​တော့ .. သူ့ယုန်​ညို​လေးနဲ့ မျက်​နှာချင်းဆိုင်​ရဖို့ ​မေးဖျားကို အသာမြှင့်​ထားရဲ့ .. ။


အဲ့ဒီ့အတိုင်း ​စက္ကန့်​ပိုင်း​လောက်​အကြာမှာပဲ ယုန်​ညို​လေးက ဆိုလာတယ်​ .. ။

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now