Ep - 37 : ယုန်​ညို​လေး​ပြောတဲ့ ရှစ်​နှစ်​တာပုံပြင်

4.5K 432 14
                                    


Zawgyi












“ Rain ပြန်​လာပြီ ... Rain ပြန်​လာပြီကွ .. ​ယေး .. ”

“ ဖွား .. ဖြည်းဖြည်း .. ​ချော်​လဲမယ်​ .. ”

“ ရိ​ပေါ်​ရော မ​ပျော်​ဘူးလား .. Rain က ဒီ​လောက်​အကြာကြီး ပစ်​ထားပြီးမှ ပြန်​လာတာကို မ​ပျော်​ဘူးလားလို့ .. ”

“ ​ပျော်​တာ​ပေါ့ ဖွားရဲ့ .. မ​ပျော်​ဘဲ ဘယ်​​နေလိမ့်​မလဲ .. ”

“ ​ပျော်​ရင်​ ခုန်​ .. ​ပျော်​ရင်​ခုန်​ .. ဖွားနဲ့အတူ လိုက်​ခုန်​ .. ”

“ဖွား ​ချော်​လဲမယ်​ဆို​နေ .. ဖွား ဖွား .. ဖွား .. ”

“ .... ”



ခုန်​​ပေါက်​မြူးတူးရင်း တဖြည်းဖြည်းချင်း ​ဝေး​ဝေးသွားတဲ့ဖွား​နောက်​ ​ပြေးလိုက်ဖို့ပြင်​လိုက်​​ပေမယ့်​ ​ခြေ​ထောက်​​တွေက ရုတ်​တရက်​ လှုပ်​မရ​တော့ .. ။ ခဲဆွဲထားသလို ​လေးလံလွန်း​နေပြီး ​ခြေတစ်​လှမ်း လှမ်းဖို့ပင်​ ခက်​ခဲ​နေသလိုမျိုး .. တစ်​ကိုယ်​လုံး ထိုင်းမှိုင်းလို့ .. ။

မဖြစ်​ဘူး .. ။ မဖြစ်​ပါဘူး .. ။
ဖွားကို ​ကောနဲ့ ​ပေး​တွေ့ရဦးမှာ .. ။ ဒီလိုကြီး ​လျှောက်​​ပြေး​နေရင်း လမ်း​ပျောက်​သွားရင်​ ဘယ်​လိုလုပ်​ပါ​တော့မလဲ .. ။

ရှိသမျှအားအကုန်​သုံးပြီး ဖွား​နောက်​​ပြေးလိုက်​ဖို့ ပြင်​ပြီးကာမှ ​ကောကို သတိရမိပြန်​တယ်​ .. ။

ဟုတ်​ပါရဲ့ .. ။
ကောက အခု ဘယ်​မှာလဲ .. ။

ဘေးပတ်​လည်​မှာ မြူ​ငွေ့​တွေ ​ဝေ့ဝဲလို့ .. ။ ဖွားကလဲ သူ့​ရှေ့​လေးတင်​ ​ပျောက်​ကွယ်​လို့ .. ။ ​ကောကလဲ အခု မရှိ​တော့ပြန်​ဘူး .. ။ ​ကောက သူ့ကို ထားသွားပြန်​ပြီ .. ။ လွန်​ခဲ့​သော နှစ်​ကာလ​တွေကလိုပဲ .. ။ ​ကောက သူ့ကို ထပ်​ပြီး ထားသွားပြန်​ပြီ .. ။



“ ​ကော .. ​ကော ဘယ်​မှာလဲ .. ”

“ ... ”

“ ​ကော .. ​မောင့်​ကို ထပ်​ပြီး ထားမသွား​တော့ဘူးဆို .. ”

“ ... ”

‘‘‘ ​ကော .. ’''



အသံကုန်​ခြစ်​​အော်​တာရဲ့အဆုံးမှာ လူကပါ အလန့်​တကြား ထထိုင်​မိတယ်​ .. ။ ​လေးလံ​နေတဲ့ လက်​​မောင်းတစ်​ဖက်​က ရုတ်​တရက်​ ​ပေါ့ခနဲ .. ။



ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now