Ep - 42 : ယုန်​ညို​လေးရဲ့ ဆာကူရာ​ဆော

4.6K 420 26
                                    


Zawgyi


" ငါ​ပြောသားပဲ .. လူမှားတာပါဆို ..
မီဒီယာ​တွေက ဒီလိုပဲ .. အရပ်​မြင့်​မြင့်​ ပိန်​ပိန်​ပါးပါးနဲ့ တစ်​ကိုယ်​လုံးပါကင်​ထုတ်​ထားသလို .. ဘဏ်​ပဲဓားပြဝင်​တိုက်​​တော့မလို ဝတ်​စားထားတဲ့ ခပ်​​ချေ​ချေစတိုင်​လူရွယ်​​တွေမြင်​တာနဲ့ ဝမ်​ရိ​ပေါ်ပဲ ​ပြေးထင်​​တော့တာ .. ပြီးရင်​ ဟုတ်​တာလဲ မဟုတ်​ဘူး .. "

" ... "

" ဒါနဲ့ .. ဒီ​နေ့ဝမ်​ရိ​ပေါ် ​လေဆိပ်​ဆင်းတဲ့ဖက်​ရှင်​က ​ဝေ့​ပေါ်မှာ ထိပ်​ဆုံးက​နေရာယူ​နေတာ​နော်​ .. ဘာတဲ့ .. ပျားဖမ်းသမားဝမ်​ရိ​ပေါ်တဲ့ .. ခွီး .. "

" ... "

ရှေ့မှာထိုင်​​နေပြီး .. ရိ​ပေါ်အ​ကြောင်း တစ်​မျိုးပြီးတစ်​မျိုး မထပ်​ရ​လေ​အောင်​ ​ပေါက်​​ပေါက်​​ဖောက်​​နေတဲ့ကျိုးချန်​ကို ဘာတစ်​ခွန်းမှလဲ ပြန်​မဟမိဘူး .. ။ ဆိုရရင်​ .. အလင်းမဲ့ ​ပတ်​ဝန်းကျင်​တစ်​ခုလုံးကိုကို အာရုံမစိုက်​မိတာ .. ။

သူအ​တွေးထဲ ဆက်​တိုက်​​နေရာယူ​နေတာ တစ်​ခုပဲရှိတယ်​ .. ။

ရိ​ပေါ်က သူ့ကို လာမ​တွေ့ဘူး .. ။
မ​တွေ့ချင်​တာပဲလား .. အ​ကြောင်းမတိုက်​ဆိုင်​၍ပဲလား မသိ​ပေမယ့်​ ရိ​ပေါ်က သူ့ကို တကယ်​လာမ​တွေ့ခဲ့ပါဘူး .. ။

မျှော်လင့်တကြီးနဲ့ ​​တစ်ညလုံး​ ​စောင့်​​နေခဲ့​ပေမယ့်​ ရိ​ပေါ်ရဲ့အသံ​လေးကို​တောင်​ ကြားခွင့်​မရခဲ့တာမို့ ဝမ်းနည်း​နေမိတဲ့သူက .. ဒီနှစ်​​တွေအတွင်း သူပြန်​အလာကို​ ​​မျှော်​လင့်​ချက်​မဲ့စွာ ​စောင့်​​နေခဲ့မယ့်​ ရိ​ပေါ်ရဲ့ ခံစားချက်​​ကိုလဲ နားလည်​​ပေးနိုင်​ပါရဲ့ .. ။

မျှော်​လင့်​ချက်​​တွေ မဲ့သွားတဲ့​နောက်​ .. ဘဝရဲ့အဓိပ္ပါယ်​ဟာလဲ ​ပျောက်​ဆုံးသွားလိမ့်​မယ်​ .. ။ တစ်သက်တာမှာ တစ်​ခါပဲ ​​တစ်​စုံတစ်​ယောက်​​ကို ဖမ်းဆုပ်​ထားချင်​​ခဲ့မိ​ပေမယ့်​ .. အဲ့ဒီ့တစ်​စုံတစ်​​ယောက်​ကပဲ ရုတ်​တရက်​စွန့်​ပစ်​သွားတဲ့​နောက်​​ပေါ့ .. ။ မနက်ဖြန်ဆိုတာ မရှိ​တော့သလိုမျိုး အလုပ်​ပြီးရင်းအလုပ်​ ​ဇောက်​ချလုပ်​​နေခဲ့တာ .. တမင်​ရည်​ရွယ်​ပြီး​တော့​တော့လဲ မဟုတ်​ဘူးရယ်​ .. ။ တစ်​ခုခုထဲကိုမှ စိတ်​နှစ်​မထားရင်​ ဒီခန္ဓာကိုယ်​က အဆုံးတိုင်​လဲကျသွား​တော့မှာမို့ .. လုပ်​မိလုပ်​ရာ​တွေ စွတ်​တိုးလုပ်​​နေမိတာ .. ။ အသိအမှတ်​ပြုခြင်းမခံရတဲ့ ​စောင့်​ဆိုင်းခြင်း​တွေကြား .. နှလုံးသား​တွေ ​အေးခဲလာပြီး .. ဘာခံစားချက်​မှမရှိ​တော့သလိုမျိုး သိပ်​လဲဟန်​​ဆောင်​​ကောင်းခဲ့မှာ .. ။

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now