Ep - 16 ငါတို့က ဒီလိုပဲ တဖြည်းဖြည်းချင်း .. [ငါတို့က ဒီလိုပဲ တဖြည်းဖြည်းခင်း ]

5.1K 482 16
                                    

Zawgyi


" အ .. "

အင်္ကျီဒီဇိုင်းဆွဲနေရင်း လက်က မခံမရပ်နိုင်ေ​အာင်​​အရမ်းနာလာရဲ့ .. ၊၊

ဆွဲလက်​စဒီဇိုင်းပုံကိုရပ်​ပြီး မနက်က စွပ်ပြုတ်ပူလောင်ထားတဲ့ လက်ကလေးကို ကြည့်လိုက်တော့ နီရဲ​ရောင်​ယမ်းလို့ .. ၊၊ 
လက်ဖဝါး ပန်းကန်ကွဲစ စူးထားတဲ့​နေရာကလဲ
တဆစ်ဆစ် ကိုက်နေပြန်သေးသည် .. ၊၊

" ဟင်း .. နှစ်​လတဲ့ ..
ခုမှတစ်ပတ်တောင် မပြည့်သေးဘူး ..
အချိန်တွေ ဘယ်​တုန်းက ဒီ​လောက်​ကြာသွားတာလဲ"

" ... "

ရှောင်းကျန့်​ တစ်​​ယောက်​ထဲ ညည်းညည်းညူညူပြောရင်း အိမ်ရှေ့က ကားဟွန်းသံကြောင့် .. ရိ​ပေါ်ကိုကြိုဖို့ အခန်းထဲက ထွက်​ခဲ့လိုက်​သည်​ .. ၊၊

" ဒါက ဘယ်လဲ .. "

လှေကားဦးမှ ဆီးကြိုရင်း ​​မေးလာသူ​​ကြောင့် လှမ်းလက်စ​​ခြေလှမ်းတွေ ရပ်တန့်သွားရသည် .. ၊၊

" ​မောင့်​ကို သွားကြိုမလို့ .. "

" .. ​မောင်​ ? "

" ရိ​ပေါ်ကို .. "

ဇန်းကျင်​က လက်​နှစ်​ဖက်​ကို ခပ်​တင်းတင်းပိုက်​ရင်း ..


" မလိုဘူး .. အခု ကိုယ့်အခန်းကိုယ်ပြန်လိုက်​ .. "

" ဟို .."

" ကျစ်​ .. ဟိုတွေ ဒီတွေ လုပ်မနေစမ်း​နဲ့ ..
ဝမ်​ရိ​ပေါ်ပြန်လာတာကို ထွက်ကြိုရ​အောင် ခင်ဗျား​က သူ့မယားလား ... "

" ... "

" ကြိုချင်းကြို ၀မ်ရိ​ပေါ်နဲ့စေ့စပ်မယ့် ကျွန်​တော်​​ကပဲ ကြိုမယ် .. ခင်​ဗျား ဘယ်တော့မှ ထွက်ကြိုစရာမလိုဘူး .. ​ခေါင်းထဲမှာမြဲမြဲမှတ်ထား ..
ကျွန်​​တော်​က ၀မ်​ရိ​ပေါ်နဲ့ ​လော​လောဆယ်မှာ မသက်ဆိုင်သေးပေမယ့် တစ်ချိန်ဆိုင်လာမယ့်သူ ..
ကိုယ့်နေရာကိုယ်သိဖို့အထိ လိုက်​သင်​ပေး​နေရဦးမလား .. ဦး​နှောက်​မပါဘူးလား ခင်​ဗျား .. "

" ... "

" အခုထိ အခန်းထဲ ပြန်​မ၀င်​​သေးဘူး​ပေါ့ ..
မောင်​​တော်​၀မ်​ရိ​ပေါ်ဆီ မျက်​ရည်​ခံထိုးချင်​​သေးတဲ့ သဘောလား .. ခင်​ဗျားမှာ နည်းနည်းေ​​​လး​တောင် ​ယောက်ျားမာနမရှိဘူးလား .. "

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now