Ep - 41 : ဆုံးရှူံးသွားတဲ့ အခွင့်​အ​ရေး

4.1K 399 10
                                    


Zawgyi


ရိ​ပေါ်ဆီ ​သူကိုယ်​တိုင်​စီစဉ်​တဲ့စာအုပ်​​လေး ​ပေးပို့ပြီးတဲ့​နောက်​​ပေါ့ .. ။

တစ်ေ​န့တစ်မျိုး မရိုးရေ​အာင် ​သတင်း စာမျက်​နှာတိုင်းရဲ့ မျက်​နှာဖုံးမှာ ပထမဦးစား​ပေး​နေရာက ​ဖော်​ပြခြင်းခံရတဲ့ ဝမ်​ရိ​ပေါ်က .. အခုချိန်​မှာ​တော့ မီဒီယာမှာ​ရော ပြင်​ပမြင်​ကွင်းပါ ​ပျောက်​ခြင်းမလှ ​ပျောက်​ဆုံးတယ်​ .. ။


နေ့တိုင်း business channel က​နေပြီး ရိ​ပေါ်ရဲ့အသံချို​လေးကို နား​ထောင်​​နေကျသူ့အတွက်​ .. ရိ​ပေါ်ရဲ့ အခုလို ရုတ်​တရက်​ ​ပျောက်​ဆုံးသွားခြင်းက သည်းမခံနိုင်​စရာပါပဲ .. ။ အမြင်​အာရုံ ကွယ်​​ပျောက်​​နေတာမို့ ရိ​ပေါ်ရဲ့သွင်​ပြင်​ကို မမြင်​​တွေ့နိုင်​တဲ့သူက .. အခု အသံချို​လေးကိုပါ ကြားခွင့်​မရနိုင်​​တော့တဲ့အခါ လုံးဝကို အရူးတစ်​ပိုင်းပဲ .. ။ ​ပေါက်​ကွဲ​အော်​ဟစ်​လိုက်​ .. ရှုံးပွဲချငိုလိုက်​ .. ​သေသပ်​လှပခြင်းမရှိတဲ့ ပန်းချီကားချပ်​​တွေ ညလုံး​ပေါက်​ ​ရေးဆွဲလိုက်​ .. အစားအပျက်ခံပြီး ​ပုံမကျ ပန်းမကျ မာဖလာ​တွေ ​ဖန်​တီးလိုက်​နဲ့ .. ။

တစ်​ရက်​ .. နှစ်​ရက်​ .. တစ်​ပတ်​ .. ။
တစ်​လ .. နှစ်​လ .. သုံးလ .. ​လေးလ .. ။


နေ့ရက်​​တွေက ပုံမှန်​အတိုင်း ကုန်​ဆုံးလာပါတယ်​ .. ။

ပုံမှန်​မဟုတ်​​တော့တဲ့သူက​တော့ တစ်​​နေ့တစ်​မျိုး မရိုးရ​လေ​အောင်​ အရူးမီးဝိုင်းတယ်​ .. ။

ရိ​ပေါ်ကြိုက်​တတ်​တဲ့ဟင်းလျာမျိုး ချက်​ပြုတ်​နိုင်​ဖို့ မီးဖို​ချောင်​ ဝင်​တဲ့အခါ လက်​ဓားရှတယ်​ .. ။ ကျိုးချန်​ရဲ့ စိတ်​ပျက်​ညည်းညူသံကို မထင်​မရှားအပြုံး​လေးနဲ့ပဲ တုံ့ပြန်​ဖြစ်​တယ်​ .. ။ အသုံးအ​ဆောင်​ပစ္စည်း​ဝယ်​တိုင်းလဲ ရိ​ပေါ်ဖို့ပါ တစ်​ခုပိုဝယ်​ဖြစ်​တယ်​ .. ။ ရိ​ပေါ်ရဲ့ ​နောက်​ဆုံးလက်​​ဆောင်​ မာဖလာအ​ဟောင်း​လေးကိုလဲ ​နေ့​နေ့ညည ကိုယ်​နဲ့မကွာ ​ဆောင်​ထားဖြစ်​တယ်​ .. ။

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now