Ep - 34 : Forget who Forgets You

4.5K 476 70
                                    

Zawgyi












လူတစ်​​ယောက်​ဟာ ဘယ်​​လောက်​ထိ ပြိုလဲနိုင်​သလဲ .. ၊၊

အဆုံးစွန်​ထိ .. ဟိုးအဆုံးစွန်ထိ .. ဟိုးအဆုံးစွန်​ရဲ့ အဆုံးစွန်ထိ .. ၊၊

အဲ့ဒီ့ထက်​ ပိုပါတယ်​ .. ၊၊
မင်းနှလုံးသားထဲ တစ်​စုံတစ်​​ယောက်​က ​နေရာယူထား​နေ​သေးသ​ရွေ့ မင်းဟာ ​အဆုံးစွန်​ဆုံးဆိုတာထက်​ပိုပြီး ပြိုလဲနေဦးမှာ .. ဖြိုလှဲခံ​နေရဦးမှာ .. ၊၊

သိပ်​ကိုလှပလွန်းတဲ့ ချစ်​ခြင်းတရားရဲ့နွံ​တွေပဲ​ပေါ့ .. ၊၊

လှလှပပကြီးနစ်​မြှုပ်​ရင်းပဲ ​ကျေ​ကျေနပ်​နပ်​ကြီး အဆုံးသတ်​ရတယ်​ .. ၊၊


________________________


ဒီရက်​​တွေအတွင်း ဆိုရှယ်​မီဒီယာ​တွေရဲ့ ထိပ်​ဆုံးမှာရပ်​တည်​​နေရုံမက လူတိုင်းရဲ့နှုတ်​ဖျားမှာပါ ​ရေပန်းစား​နေတဲ့ စကားလုံးက​တော့ ..

ကော ..
မောင်​ စီးကရက်​​တွေ မ​သောက်​​တော့ဘူး .. တဲ့ .. ၊၊

လူငယ်​​လေး​တွေက သူတို့ရဲ့ ချစ်​သူ​ကောင်​မ​လေး​တွေအတွက်​ စီးကရက်​ဖြတ်​ကြတယ်​ .. ၊၊ ပြီးရင်​​တော့ ၀မ်ရိ​ပေါ်က သူတို့ရဲ့ Idol ဖြစ်​​ကြောင်း .. သူတို့ အခုလို စီးကရက်​ဖြတ်​တာဟာ သူတို့​ကောင်​မ​လေး​တွေ​အတွက်​ ငါးဆယ်​ရာခိုင်​နှုန်းဖြစ်​ပြီး ကျန်​ငါးဆယ်​ရာခိုင်​နှုန်းက​တော့ Idol ရဲ့ စကားအ​ပေါ် သူတို့ရဲ့အ​လေးထား​မှုကို ပြလို၍ဖြစ်​​ကြောင်း .. ​နောက်​ တခြားဖွဲ့​ဖွဲ့နွဲ့နွဲ့​တွေနဲ့ပါ စာအရှည်​ကြီး ​ရေးတင်​ကြတယ်​ .. ၊၊ weibo twitter အစရှိတဲ့ ဆိုရှယ်​မီဒီယာ​တိုင်းမှာ I quit smoking because of my Idol လိုမျိုး hashtag ​တွေနဲ့ ပြည့်​လို့ချည်းပဲ .. ၊၊

တချို့အနုပညာရှင်​​တွေက​တောင်​ ရိ​ပေါ်အ​ကြောင်း စစနောက်​​နောက်​နဲ့ ​ပြောဆိုကြ​သေးတာ .. ၊၊

ဒီလူငယ်လေးက သူတို့လို​တောင်​ အပင်​ပန်းခံပြီး သရုပ်ဆောင်​ပြ​နေစရာ မလိုဘူးတဲ့ .. ၊၊ သူ့တို့အ​နေနဲ့ စကားလုံးလေးတစ်​လုံး ပရိသတ်​ရင်​ထဲ​ရောက်​ဖို့အတွက်​ ဇာတ်​၀င်​ခန်းတစ်​ခုလုံး​ကောင်းဖို့ အပြင်းအထန်​ ထပ်ခါတလဲလဲ ကြိုးစား​နေချိန်​မှာ ၀မ်​ရိ​ပေါ်က​တော့ ဘာရယ်မ​ဟုတ်​ ဒီအတိုင်း​လေးထ​ပြောလိုက်​တဲ့ စကားတစ်​ခွန်းက​တင်​ လူတိုင်းရင်​ထဲ တန်းခနဲ ​ရောက်တဲ့အထိ ပါရမီထူးတယ်​တဲ့ .. ၊၊ ခနဲ့တဲ့တဲ့​လေသံလေး ​နည်းနည်းပါ​ပေမယ့်​ ရိ​ပေါ်က​တော့ ဂရုမစိုက်​ပါဘူး .. ၊၊ သူဂရုစိုက်​တာ သူရည်​ရွယ်​တဲ့သူဆီ ဒီစကား​လေး ​ရောက်​နိုင်​ဖို့ပဲ .. ၊၊

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Dove le storie prendono vita. Scoprilo ora