Ep - 36 : ယုန်​ညို​လေးက ​စောင့်​​နေခဲ့တယ်

5K 536 53
                                    


Zawgyi

" ​ကောနဲ့ပတ်​သတ်​သမျှအကုန်​ အစက​နေ သိချင်​တယ်​ .. "

" ... "

" ဆုံးသွားပြီလို့ ညာခဲ့တဲ့​အချိန်​ကစပြီး အခုလို .. အခုလို မျက်​မမြင်ဘဝနဲ့ ​ရှောင်​ပုန်း​နေတဲ့အထိ .. အကုန်​လုံး .. . "

" ... "

ပြိုလုဆဲဆဲ တိမ်​မည်းတအုပ်​နဲ့ ​ကောင်းကင်​ကြီးက အုံ့အုံ့မှိုင်းမှိုင်း .. ။

အိမ်​က​လေးရဲ့​ ပန်းခြံ​သေး​သေး​လေးထဲမှာ​တော့ စိတ်​​ပြေလက်​​ပျောက်​ထိုင်​ဖို့ ထိုင်ခုံလှလှ​လေး​ ​​လေးခုံ ဝန်းရံထားတဲ့ စားပွဲဝိုင်း​လေးတစ်​ခုရှိတယ်​ .. ။ ​လေဒဏ်​မိုးဒဏ်​က​နေ ကာကွယ်​ဖို့ ထီးကြီးကြီးတစ်​လက်​က​တော့ စားပွဲဝိုင်း​လေးနဲ့ ထိုင်​ခုံငယ်​​တွေထက်​ အုပ်​မိုးလို့ .. ။

ဝိုင်းဖွဲ့ထိုင်​​နေရင်း ပန်းပင်​​တွေကို ​စိတ်​​ပြေလက်​​ပျောက်​​ ​ငေးနိုင်​သလို .. မလှမ်းမကမ်းကေ​​ရကူးကန်​ကိုလဲ လှမ်းမြင်​နိုင်​တာမို့ ဒီ​နေရာ​လေးက ​တော်​​တော်​လဲ အဆင်​​ပြေတယ်​ .. ။ အ​ပေါင်းအသင်းမိတ်​​ဆွေ​တွေနဲ့ ​ပျော်​​ပျော်​ပါးပါး စကားဝိုင်းဖွဲ့လိုက်​ .. ​ရေ​လေး​ပြေးစိမ်​လိုက်​နဲ့ လွတ်​လပ်​​ပျော်​ရွှင်​ဖွယ်​ပဲ .. ။

ရိ​ပေါ်က​တော့ အခုချိန်​မှာ မည်​သို့​သောအလှတရား​တွေ သဘာဝတရား​တွေကိုမှ ခံစားမ​နေနိုင်​ဘူး .. ။ အ​ငွေ့​သေ ​အေးစက်​​စပြု​နေပြီဖြစ်​တဲ့ ​ကော်​ဖီပန်းကန်​ကို စိုက်​ကြည့်​​နေလိုက်​ .. ​ခြေ​ထောက်​​တွေ ​ရေထဲနှစ်​ထားပြီး ​ရေကူးကန်​​ဘောင်​​ပေါ် ​အေး​ဆေးထိုင်​​နေတဲ့ ​ရှောင်းကျန့်​ကို ​ငေးလိုက်​နဲ့ပဲ အားလပ်​တယ်​ကို မရှိတာ .. ။

ဘေးနားဆီ ထီးဝါဝါ​လေးတစ်​​ချောင်းချလို့ မိုးရဲ့အ​ငွေ့အသက်​ကို စိတ်​တိုင်းကျခံစား​ပျော်​ဝင်​​နေတဲ့ ​ရှောင်းကျန့်​က​တော့ သူ့ကို သတိမပြုမိစွာပါပဲ .. ။ မျက်ဝန်းေ​​​တွ ​မှေးမှိတ်​ပြီး နားကြပ်​က​လေးတပ်​ .. တစ်​ချက်​တစ်​ချက်​လဲ ​ရေကူးကန်​ထဲက​ရေ​တွေကို ​ခြေဖျား​နဲ့ လှုပ်ခတ်​လို့ စိတ်​လိုလက်​ရ ​ဆော့ကစားလိုက်​​သေးတာ .. ။

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now