Ep - 20 မိုးနဲ့အတူ [ မိုးနဲ့အတူ ]「Z/U」

5.5K 538 41
                                    

Zawgyi


မျက်စိတစ်မှိတ်လေးအတွင်း ဖြစ်သွားတဲ့ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည် .. ၊၊

Rain ကိုမှ တမင်​အရှိန်နဲ့ဝင်တိုက်တဲ့ ကားတစ်စီး .. ၊၊

Rain ကိုယ်​စား ကား​ရှေ့တိုးဝင်​သွားတဲ့ လူငယ်​လေး .. ၊၊

သွေးရဲရဲ သံရဲရဲကြားမှာ အသက်ရှိ​သေးမှန်းပင် မသိနိုင်အောင် ဒဏ်ရာတွေဗရပွဖြစ်နေတဲ့ကြားက ..
သူတွန်းထုတ်​လိုက်​တဲ့အရှိန်​နဲ့ လမ်းတစ်​ဖက်​​ရောက်​သွားတဲ့ Rain ကို အန္တရာယ်ကင်းမကင်း စိုးရိမ်တကြီး
လှမ်းကြည့်​နေ​သေးတာ .. ၊၊

နောက်​ ..
လဲကျသွားရာက ဘာမှမဖြစ်သလိုလူးလဲထပြီး မိုးရေတွေကြား ပြေးထွက်သွားတဲ့ Rain .. ၊၊

အဖြစ်​အပျက်​အားလုံးကို လုံး​စေ့ပတ်​​စေ့မြင်​လိုက်​ရတဲ့ ချီယိခမျာ သက်​ရှိ​ကျောက်​ရုပ်​ကိုဖြစ်​လို့ .. ၊၊

ရုတ်​ရုတ်​သဲသဲဖြစ်​လာတဲ့ ပတ်​၀န်းကျင်​​ကြောင့်​ သတိပြန်​၀င်​လာချိန်​မှာ​တော့ .. တုံ့ဆိုင်းခြင်းမရှိဘဲ အကုန်​လုံးကို ​ကျောခိုင်းလိုက်​တယ်​ .. ၊၊

အခု​နေ Rain နောက်အ​ပြေးလိုက်ခေါ်ရင် မှီနိုင်သေးမှန်း သိ​နေတဲ့တိုင်​​ပေါ့ .. ၊၊

တောင်းပန်တယ် Rain ..
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး ..

လူတစ်​​ယောက်ဟာ အချစ်​ကြောင့် ​နူးညံ့သွားနိုင်သ​လို ..
အချစ်​​ကြောင့်​ပဲ ယုတ်​မာရက်စက်သွားတတ်တယ် ..

ငါလဲ .. ဒီလူသားငယ်​ကို ပိုင်​ဆိုင်​ချင်​တာမို့ အခုလုပ်ရပ်အတွက် ​​​တကယ်​​တောင်းပန်​ပါတယ်​ .. ၊၊

____________________ ☹

" ​ကော အရမ်းကြာ​နေပြီ .. "

ရိ​ပေါ် လက်ကနာရီကို ငုံ့ကြည့်လိုက်တော့ ဖက်ရှင်ရှိုးပွဲစဖို့ မိနစ်အနည်းငယ်သာ လိုတော့သည် .. ၊၊

မိုးကလဲ တဖြည်းဖြည်းချင်း သည်းလာ​နေလို့ .. ဘာအမိုးအကာမှ ပါမသွားတဲ့​ကောကို စိုးရိမ်​စိတ်​က ပိုတိုးလာသည်​ .. ၊၊

" မဖြစ်တော့ဘူး ... "

ဒီယုန်​အို​လေးက ကျန်းမာ​ရေးလဲ ချူချာနိုင်​လွန်းလို့ .. ညလေ​အေးခံမိရင်​​တောင်​ နှာ​စေးဖျားနာတတ်​​သေးတာ .. ၊၊ အခုလို သည်းသည်းမည်းမည်းရွာ​နေတဲ့မိုးသာ မိကြည့်ပါ့လား .. အဖျား​တွေတက်​ပြီး ​ဆေးရုံ​တောင်​​​ ​ရောက်​သွားလိမ့်​ဦးမယ်​ .. ၊၊

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now