Zawgyi
" ဒေါက် .. ဒေါက် .. "
" လူလေး .. ဦးလေးဝမ်ပါ .. "
တံခါးခေါက်သံကြားမှ ရိပေါ် အိပ်ယာထဲက လူးလဲထလိုက်သည် .. ၊၊ နာရီကြည့်လိုက်တော့
၇ နာရီခွဲနေပေပြီ .. ၊၊" ဟုတ်ကဲ့ ဦးလေးဝမ် .. ကျွန်တော်နိုးပါပြီ .. "
" အေးအေး .. မနက်စာပြင်ပြီးကြောင်း လာပြောတာပါကွယ် .. "
" ကျွန်တော် ရေချိုးပြီးတာနဲ့ ဆင်းခဲ့ပါ့မယ် .. "
ဦးလေးဝမ် ပြန်ထွက်သွားတော့မှ စဉ်းစားမိရဲ့ .. ၊၊
အရင်ကဆို မနက် ငါးနာရီထိုးတာနဲ့ ဖွားဖွားက သူ့ကိုလာနိုးပြီး ဂျီတိုက်နေကျ .. ၊၊ သူလဲ ဖွားဖွားကိုချော့ရင်း အိပ်ယာထခဲ့ရသည်ချည်း .. ၊၊
ခုမနက်တော့ ဖွားဖွား စိတ်ကောင်းဝင်နေပြန်တယ် ထင်ပါရဲ့ .. ၊၊စဉ်းစားရင်းနှင့်ပဲ ရေချိုးခန်းဝင်လိုက်တော့သည် .. ၊၊
__________________" ဖွား .. စောင့်နေတာကြာသွားပြီလား .. "
" ကြာပြီပေါ့ .. မြေးချစ်က အိပ်ပုတ်ကြီးနေတာကိုး "
" ဖွားလာနှိုးမယ်ထင်လို့ပေါ့ ... "
" အမလေး .. ဒီအရွယ်ပဲရှိနေပြီ .. ကျုပ်က
အိပ်ယာနှိုးပေးရဦးမှာလား .. ကလေးလဲမဟုတ် .. "" အာ .. ဟုတ်ပါပြီဗျာ .. အရှုံးပေးပါတယ် .. "
ဖွားဖွားနဲ့ငြင်းရင်း ဖွားဖွားဘေးနားမှာထိုင်နေသူကို ကြည့်လိုက်တော့ ပါးစပ်လေးတလှုပ်လှုပ်နဲ့ ပေါင်မုန့်ကြော်တစ်ချက်ကိုသာ အေးဆေးစားနေပြီး သူ့ကိုအရေးမစိုက်တာ တွေ့ရသည် .. ၊၊
" ချစ်ဖို့ကောင်းတယ်မို့လား .. "
" အင်း .. အာ ဖွားကလဲ .. "
ရိပေါ် မျက်နှာကြီးနီပြီး လုပ်မိလုပ်ရာ ကော်ဖီမော့သောက်လိုက်တော့ ...
" ဖူး .. ပူ .. ပူလိုက်တာ .. "
" ခုဏမှဖျော်ထားတာကို ပူမှာပေါ့မြေးချစ်ရဲ့ ..
ကိုယ့်ဘာကိုယ် ရှက်ရမ်းရမ်းပြီး ယူသောက်ပြီးတော့ .. "" နောက်ကျနေပြီ .. ကုမ္ပဏီသွားတော့မယ် .. "
ရိပေါ် မနက်စာစားပွဲဝိုင်းက ထလိုက်တော့ .. ဖွားက မျက်လုံးလေးပြူးသည် .. ၊၊
![](https://img.wattpad.com/cover/215043846-288-k552483.jpg)
YOU ARE READING
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...