Ep - 14 ထိရှလွယ်တဲ့ နေ့စွဲတွေ .. [ ထိရှလွယ်တဲ့ နေ့စွဲတွေ .. ]「Z/U」

5.4K 534 35
                                    

" ... "

ညဘက် လိုင်းသုံးနေတဲ့ ယွီပင်းဆီ ဝင်လာတဲ့ အီးမေးလ်လေးတစ်စောင် .. ၊၊

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ရှောင်းကျန့်သုံးခဲ့တဲ့ အီးမေးလ်လိပ်စာမို့အံ့ဩစိတ်နဲ့အတူ ဝမ်းသာစိတ်က ယှဉ်တွဲလို့ .. ၊၊

ဒီအတိုင်းဆို ရှောင်းကျန့်နဲ့ အဆက်သွယ်လို့ရဖို့ လမ်းစပေါ်လာပြီပဲမဟုတ်လား .. ၊၊

💬

From : Dacheng001@gmail.com
To : Yubin17@gmail.com
Date : Jun 2 at 08:15 PM
Subject : contact me as soon as possible

hello Yubin ,

Sean Xiao ရဲ့ မိတ်ဆွေလားလို့ပါ ...
ကျွန်တော်က Sean Xiao ရဲ့ အခန်းဖော် Wang Zhuocheng ..
သူ အမိမြေမှာ အဆင်ပြေနေရဲ့လား ..
ကျွန်တော်ဆီ ပြန်ဆက်သွယ်ပါဦးလို့ ပြောပေးဖို့
အကူအညီတောင်းပါရစေ ..
ဖြစ်နိုင်မယ်ဆိုရင် သူ့ရဲ့ ဖုန်းနံပါတ်ဖြစ်ဖြစ် .. မေးလ်လိပ်စာဖြစ်ဖြစ် ပေးလို့ရမလား ..

__ hoping forward from your reply


ကျိုးချန်ဆိုတဲ့သူ ဘာကိုဆိုလိုတာလဲ ..
ကျန့်ကျန့် တရုတ်ကိုပြန်လာတယ် ဆိုတဲ့သဘောလား .. ဒါဆို ကျိုးချန်နဲ့ရော သူနဲ့ပါ အဆက်ပြတ်နေတာလား ..

စိတ်ပူတယ် ရှောင်းကျန့် ..
မင်း တကယ်ပဲ ဘာတွေဖြစ်နေပြီလဲ ..

" ဟူး .. "

လေပူတစ်ချက် မှုတ်ထုတ်လို့ .. ထိုင်ခုံကျောကို ခပ်လေးလေး မှီလိုက်သည် .. ၊၊

ဘာပဲဖြစ်ဖြစ် .. သူ ဒီတိုင်းငြိမ်နေလို့တော့ မဖြစ်တော့ .. ၊၊ ရှောင်းကျန့်အကြောင်း စဉ်းစားရင်း အတွေးထဲပေါ်လာသူက ဇန်းကျင် .. ၊၊

အဲ့ဒီ့ကောင်လေး .. ရှောင်းကျန့်နဲ့ပတ်သက်ပြီး တစ်ခုခုတော့ သိကိုသိထားလိမ့်မည် .. ၊၊ ဒါမှမဟုတ်လဲ အခု ရှောင်းကျန့်ပျောက်နေတဲ့ကိစ္စမှာ
သူတို့တစ်မိသားစုလုံးနဲ့ ပါဝင် ပတ်သက်နေနိုင်သည် ၊၊

ယွီပင်း .. စားပွဲပေါ်က ကားသော့ကို ကောက်ယူလို့ ကားလေးကို ဇန်းကျင်တို့အိမ်ဘက် ချက်​ချင်း ဦးတည်လိုက်တော့သည် .. ၊၊

____________________

" အားကျင်က အပျော်ခရီးသွားတယ်လေ .. ယွီသခင်လေးကို ပြောသွားမယ်ထင်နေတာ .. "

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now