6K 587 50
Zawgyi
တစ်ခါမှမတွေ့ဘူးတဲ့ ​​ကောပုံစံကြောင့် ရိ​ပေါ် အံဩလွန်းမက ပါးစပ်​ပင်​မ​စေ့နိုင်​​တော့ .. ၊၊
ကြည့်စမ်းပါဦး .. ၊၊
အမြဲတမ်းခေါင်းငုံ့ပြီး ကြောက်ရွံ့နေတတ်တဲ့ ယုန်ညိုလေးက ခဏ​​လေးအတွင်း ကြမ်းတမ်းသွားလိုက်ပုံများ .. ၊၊ 
ရှောင်းကျန့်​​ မျက်နှာထက် ​​ဆင့်ကဲကျ​ရောက်​​နေတဲ့ လက်သီးချက်​​တွေက လုံးဝတုန်လှုပ်ခြင်းမရှိ ခပ်အေးအေးအမူအရာနဲ့ ..  ၊၊
ဒါကမှ ​ကောရဲ့ သရုပ်အမှန်​လေလား ...  ၊၊
" ​ကော .. "
အော်ေ​ခ်ါသံအဆုံးမှာ .. ​လေထဲ​မြှောက်​ထားတဲ့ လက်တစ်ဖက်​​ကို​အောက်ချလို့ ​​ကောက သူ့ကို ​ဝေ့၀ဲကြည့်​လာသည်​ ..  ၊၊
ကောမျက်ဝန်းထဲမှာ ရက်စက်​​စိမ်းကားခြင်းတွေ အပြည့်​​နေရာယူထားလို့ .. ရိ​ပေါ်မှာ ​ဆက်​ပြောစရာစကားလုံး​တွေပင်​ ​ပျောက်​ရှကုန်​ရဲ့ .. ၊၊
ဒါ တကယ်​ပဲ .. သူ့ရဲ့​ကော မဟုတ်​ဘူး ..  ၊၊
" ဘယ်သူပါလဲ .. "
ပုံမှန်​ကျလွန်းတဲ့ ​မေးခွန်းအဆုံးမှာ ​ကောက တစ်ကိုယ်လုံး ​ပျော့​ခွေလို့​မေ့လဲကျတယ်​ .. ၊၊
အံဩမှု​တွေ​ဘေးချိတ်​ .. ​ကောကို အပြေးအလွှား ပွေ့ထူပြီး ..
" ​ကော သတိထားဦးလေ .. ​ကော .. ​ကော .."
ကောကို ကုတင်​ထက်​ဆီ ​သေချာ​ပွေ့တင်​ .. အခန်းတံခါးကို အဆုံးထိဖွင့်လိုက်ပြီး .. အခန်းပြင်​ဘက်​ ​ရောက်​​နေပြီဖြစ်​တဲ့ ဦး​လေးဝမ်​ကို ..
" ဦး​လေးဝမ်​ ..
ကောအတွက် ရေပတ်တင်ဖို့ပြင်ခဲ့ပေး .. "
" ဆရာဝန်ခေါ်မှဖြစ်မယ်ထင်တယ်နော် လူလေး ..
Rain အခြေအနေက ပုံမှန်မဟုတ်ဘူး .. "
" အရင်​ဆုံး ​ရေပတ်​တိုက်​ဖို့သာပြင်​ခဲ့​ပေး ..
ကျန်​တာ ကျွန်​​တော်​ကြည့်​စီစဉ်​လိုက်​ပါ့မယ်​ .. "
" ... "
ဦး​လေးဝမ်​ ထွက်​သွား​တော့မှ သက်ပြင်းကို လေးပင်စွာချလို့ ​ကောကုတင်​​ဘေး ၀င်​ထိုင်​​သည်​ .. ၊၊
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now