Ep - 12 အဖိုးကြီးအို ယုန်​ညိုလေး [ အဖိုးကြီးအို ယုန်ညိုလေး ]

5.9K 549 12
                                    

ဝန်မခံချင်ခဲ့တဲ့ ချစ်ခြင်းတရားတွေအကြောင်း သင်ပြပေးမယ် ..

.. ငါကမင်းရဲ့ အဖိုးကြီးအို ယုန်ညိုညိုလေး ..

_________

" Rain .. ကျွန်တော် ခနလောက် စကားပြောလို့ရမလား .. "

သူ့ရှေ့ကဖြတ်သွားတဲ့ Rain ကို လှမ်းတားပြီး ဆိုလိုက်တော့ .. Rain က သူနဲ့မျက်နှာချင်းဆိုင် ဧည့်ခန်းကဆိုဖာမှာ ဝင်ထိုင်လိုက်ပြီး ...

" အင်း ရိပေါ် .. ဘာပြောစရာရှိလို့လဲ .. "

" နောက်လထဲမှာ ကျွန်တော့်ကုမ္ပဏီနဲ့ တခြားပြည်ပကုမ္ပဏီတွေ စုပေါင်းပြီးကျင်းပမယ့် ဖက်ရှင်ပြပွဲရှိတယ် .. "

" အဲ့ဒီတော့ ... "

Rain က စကားထောက်သလို မျက်ခုံးလေးဝင့်ရင်း ဆိုသည် .. ၊၊

" အဲ့ဒီ့တော့ Rain က ကိုယ့်ကုမ္ပဏီကို ကိုယ်စားပြုပြီး ဝင်ပါမယ့် မော်ဒယ်အတွက် ဖက်ရှင်ဒီဇိုင်းဆွဲပေးရမယ် .. ဖြစ်ပါ့မလား ... "

" ရိပေါ်ကတော့ နောက်ပြီ ..
ကျွန်တော်က ဘယ်လိုလုပ် ပြပွဲပြတဲ့အထိ ဒီဇိုင်းဆွဲနိုင်မှာလဲ .. "

" ဖြစ်နိုင်ပါတယ် .. ကျွန်တော် Rain ကို ယုံတယ် .. Rain ရဲ့ အရည်အချင်းကို ကျွန်တော် မြင်နိုင်တယ် .. ကျွန်တော့်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပေးမယ်မလား .. "

Rain က စဉ်းစားသလို အတော်ကြာ ငြိမ်သက်နေပြီးမှ .. လေးလေးကန်ကန် ခေါင်းညိမ့်လာသည် .. ၊၊

" ကြိုးစားကြည့်မယ်လေ .. "

" အခု .. ကျွန်တော့်ကို ဒီဇိုင်းတစ်မျိုးဆွဲပြ .. "

" ပြောတော့ ဖက်ရှင်ပြပွဲက နောက်လမှဆို .. "

" ဆိုပေမဲ့ .. ခုက ဘယ်လိုခေါ်မလဲ ..
လျှပ်တပြတ် ဉာဏ်စမ်းတဲ့သဘောပေါ့ ..
ရော့ ဒီမှာ .. ခဲတံနဲ့စာရွက် .. အကြမ်းပဲဆွဲပြ .. "

ရိပေါ် .. အသင့်ယူထားတဲ့ ခဲတံနဲ့စာရွက်ကို ကမ်းပေးရင်းဆိုတော့ .. Rain က နှာခေါင်းလေးရှုံ့သည် .. ၊၊

" .. အလည်ကောင်လေး "

နောက်တော့ စာရွက်ပေါ်မှာ ခဲသားတွေ နေရာတကျ ရှပ်ပြေးသွားသည် .. ၊၊

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Onde histórias criam vida. Descubra agora