Ep - 35 : I found you

4.7K 540 87
                                    

Zawgyi

ကောထွက်​သွားပြီး ​လေးနှစ်​စွန်းချိန်​မှာ ဦး​လေးဝမ်​လဲ သူ့အနားက ထွက်​သွားတယ်​ .. ။

ဖွားဝမ်ရဲ့ ​သစ္စာရှိအိမ်​​တော်​ထိန်းဟာ ​နောက်​ဆုံးအချိန်​အထိ သူ့ကို စိတ်​မချခြင်းများစွာနဲ့ပဲ တစ်​​ယောက်​တည်း ချန်​ထားရစ်​ခဲ့တယ်​ .. ။ တိုက်​ဆိုင်​မှုလား .. နိမိတ်​သ​င်္ကေတလို့ပဲ ဆိုရမလားမသိ​ပေမယ့်​ ဦး​လေးဝမ်​ သူ့ကို ထားသွားချိန်​မှာလဲ မိုးတဖွဲဖွဲကျ​နေခဲ့ပါတယ်​ .. ။

တစ်​​ယောက်​ပြီးတစ်​​ယောက်​ အနားက​နေ ဆက်​တိုက်​​ပျောက်​ကွယ်​သွားတဲ့အခါ သူ့ရင်​ထဲက ဒဏ်​ရာက ပိုပြီးနက်​ရှိုင်းလာတယ်​ .. ။ အထူးသဖြင့်​ အခုလို မိုး​နေ့​​တွေမျိုး​ပေါ့ .. ။ ခမ်းခမ်းနားနား ပြင်​ဆင်​ထားတဲ့ ပန်းချီပြခန်းကျယ်​ကြီးထဲမှာ ပရိသတ်​က​တော့ဖြင့်​ သူတစ်​​ယောက်​တည်းရယ်​ .. ။ ​ကောအခန်းထဲက ရလာခဲ့တဲ့ ဆာကူရာ​ဆောပန်းချီကားချပ်​ကို ​ငေးစိုက်​ကြည့်​ပြီး ငူငူငိုင်​ငိုင်​နဲ့ .. ။

ပြခန်းအပြည့်​ ချိတ်​ဆွဲထားတဲ့ .. ဆာကူရာ​ဆော​ပန်းပွင့်​လွှာကို ရှု​ထောင့်​အမျိုးမျိုးက​နေ ​ရေးဆွဲထားတဲ့ ပန်းချီကားချပ်​​တွေက သူ့စိတ်​ကို ပိုပိုပြီး ရူးသွပ်​​​လာ​စေတယ်​ .. ။ ဖက်​တွယ်​မထားသင့်​​တော့တဲ့ စွဲလမ်းမှု​တွေကို ရူးရူးမိုက်​မိုက်​ ဖက်​တွယ်​ထားရင်း တစ်​​နေ့ထပ်​တစ်​​နေ့ ကိုယ့်​ကိုယ်​ကို ပိုပြီး မွန်းကြပ်​​ပိတ်​​လှောင်​လာ​စေတယ်​ ...။

နာကျင်​ရင်း .. ပြိုလဲရင်း .. ဘဝရဲ့အဓိပ္ပါယ်​က တကယ်​ပဲ ဘာများမို့လို့လဲ .. ။

အသက်​ရှင်​​နေရဲ့နဲ့ ​နှလုံးသား​သေဆုံးသွားတဲ့ သူ့အတွက်​​တော့ ​နေ့ရက်​တိုင်း အရာရာတိုင်းဟာ ချွင်းချက်​မရှိ အဓိပ္ပါယ်​မဲ့ပါတယ်​ .. ။

တစ်​ခါတစ်​ခါ​တော့လဲ သူက ​တွေးမိတယ်​ .. ။

ရှေ့တန်းတင်​ခဲ့မိတဲ့ အတ္တ​သေး​သေး​လေးအတွက်​ သူပြန်​​ပေးဆပ်​​နေရသမျှဟာ မျှတပါရဲ့လားလို့ .. ။

_________________________

ကောထွက်​သွားပြီး ငါးနှစ်​တိတိ .. ။

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Donde viven las historias. Descúbrelo ahora