Ep - 32 : Bunny Brown

4.6K 503 59
                                    

Zawgyi

" ... "


လက်​တစ်​ဖက်​ကို ​ဘောင်းဘီအိတ်​ထဲထည့်​ထားပြီး ကျန်လက်​တစ်​ဖက်​နဲ့ ပန်းချီကားချပ်​ကို အသာပိုက်​ .. ​ကော်​ရစ်​တာ​ဘောင်​ကို ခပ်​​လျော့​လျော့မှီထားတဲ့ဟန်​ပန်​က တကယ့်​ကို လက်ရာေ​မြာက် ​သက်​ရှိပန်းပုရုပ်​အတိုင်း .. ၊၊

ဖြတ်​သွားဖြတ်​လာတချို့သာမက တမင်​ကြီး လာအကဲခတ်​ကြတဲ့ အမျိုးသမီးငယ်​​တွေ အကုန်​လုံးကပါ အဲ့ဒီ့သက်​ရှိပန်းပုရုပ်​ငယ်​ကို မျက်နှာမလွှဲနိုင်​​အောင်​ ​ငေးကြည့်​ရင်း ​နှ​မြောတသ​ ဆိုကြရှာတယ်​ .. ၊၊


" သူ​ပေါ့ .. ဟိုနာမည်​​တောင်​မရှိတဲ့ ပန်းပုံပန်းချီကားကို ဒေါ်လာ​လေးသိန်းနဲ့ ​လေလံ​အောင်​သွားတာ .. "

" ပန်းချီကားကဖြင့်​ အဲ့​လောက်​ထိ တန်ဖိုးမရှိပါဘူးဟယ်​ .. ​ဒေါ်လာ​လေး​သောင်း​လောက်​ဆိုရင်​ပဲ သင့်​လှပါပြီ .. "

" သူ့မှာ ပိုက်​ဆံ​တွေအရမ်း​ပေါ​နေလို့ အပျင်း​ပြေ ​​လာဖြုန်းနေတာလားမှ မသိတာ .. ဘယ်​မိသားစုရဲ့ သခင်​​လေးလဲ မသိဘူး​နော်​ .. ​သေချာတာ​တော့ အကောင်​ကြီးကြီးထဲကပဲ ဖြစ်​ရမယ်​ .. "

" အ​ကောင်​ကြီးကြီးထဲကဆိုတာ​တော့ မှန်​တယ်​ .. ဒါမဲ့ ဘယ်​မိသားစုရဲ့ သခင်​​လေးမှ​တော့ မဟုတ်​ဘူး .. "

" ဒါဆို .. ဘယ်​သူများလဲ .. .
အိုင်​​ဒေါ​တွေထဲကလား .. သူ့မျက်​နှာ​တော့ မြင်​ဖူး​နေသလိုပဲ .. "

" သူက .. . "


အမျိုးသမီးငယ်​​တွေရဲ့ ခန့်မှန်းချက်​မဆုံးနိုင်​​သေးခင်​မှာပဲ ထိုသူက ဆက်ခနဲထ​​ရပ်​တယ်​ .. ၊၊ ခုန ခပ်​​လျော့​လျော့ မှီတွဲ့ပြီး မျက်​၀န်း​တွေ​မှေးစင်းထားဟန်​က .. လူကုံထံအိမ်​က သခင်​​လေးပုံစံမျိုးဆိုရင်​ .. အခု ​တောင့်​ဆက်​ဆက်​ထရပ်​ပြီး ပြခန်းထဲ ပြန်​၀င်​သွားဟန်​က​တော့ အစည်းအဝေးချိန်​​နောက်​ကျ​နေလို့ ခက်​သွက်​သွက်​ လှမ်းလျှောက်​သွားတဲ့ သူ​ဌေး​လေးပုံစံနဲ့ အလားတူတယ်​ .. ၊၊

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now