Ep - 24 လွတ်​လပ်​စေဖို့ လက်လွှတ်​​ပေးသူ [ လွတ်လပ်စေဖို့ လက်လွှတ်ပေးသူ ]「Z/U」

5.4K 572 63
                                    

Zawgyi

စက်​တင်​ဘာလလယ်​သာရှိ​သေးတဲ့တိုင်​ ​ရွှေဝါရောင်​ဂင်ဂိုရွက်​ (ginkgo) တို့က စတင်​​ကြွေလွင့်​​နေ​ချေပြီ .. ၊၊

ဆေးရုံအ၀င်​လမ်းတစ်​​လျှောက်​ဟာ ​ရွှေဝါ​ရောင်​ ​ကောဇောရှည်​ကြီး ဖြန့်​ခင်းချထားသလိုမို့ .. လူနာတချို့ဟာလဲ စိတ်​​ပြေလက်​​ပျောက်​ လမ်း​လျှောက်​ထွက်​ရင်း ဟိုဒီ​ငေး .. ခုံတန်း​လေး​တွေထက်​မှာ ထိုင်​သူထိုင်​နဲ့ .. ၊၊

တစ်​ချက်​တစ်​ချက်​​ဝေ့၀ဲတိုက်​ခတ်​လာတတ်​တဲ့ ​လေ​အေး​အေး​တွေထဲ ​ဆောင်းရဲ့အ​ငွေ့အသက်​က လွမ်း​မောဖွယ်​ ပါဝင်​​နေပြန်​​တော့ တကယ့်​ကို ပြီးပြည့်​စုံတဲ့ ပန်းချီကားတစ်​ချပ်​လိုပဲ .. ၊၊

ပန်းချီကားရဲ့လမ်း​လေးထက်​မှာ​တော့ အထီးကျန်​​နေတဲ့ ​လူငယ်​​လေးတစ်​​ယောက်​ရှိတယ်​ .. ၊၊


ခြေမျက်​​စေ့ထိလု​နီးပါး ​လောင်းကုတ်​အ၀ါ​ဖျော့​ဖျော့နဲ့ .. ဆံပင်​​ရွှေညို​ရောင်​​တွေရှိတဲ့ လူငယ်​​လေး .. ၊၊

ခြေရင်းဆီက ၀ပ်​ဆင်းပြီးသားဂင်​ဂိုရွက်​၀ါ​တွေကို လျစ်လျူရှုလို့ .. ဂင်​ဂိုပင်​အိုထက်​က ရွက်​၀ါ​တွေကိုသာ တ​မေ့တ​မော ​ငေးကြည့်​​နေလို့ .. ၊၊

  ၊၊

Oops! Această imagine nu respectă Ghidul de Conținut. Pentru a continua publicarea, te rugăm să înlături imaginea sau să încarci o altă imagine.

Oops! Această imagine nu respectă Ghidul de Conținut. Pentru a continua publicarea, te rugăm să înlături imaginea sau să încarci o altă imagine.
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Unde poveștirile trăiesc. Descoperă acum