အချစ်​ဦးမို့..ချစ်​ပါသည်​"2"

29.8K 3K 40
                                    

#unicode
#Zawgyi

"ဘယ်သူသင်ပေးတာလဲပြောကူးကူး...ဒီစကားတွေဘယ်ကတတ်တာလဲ...ဘုရားမကြိုက် နတ်မကြိုက်"

မင်းသန့်မျက်မှောငိကျုံ့ပြီးပြောလိုက်ပေမယ့်ကူးကူးကတော့နှုတ်ခမ်းလေးမဲ့ မျက်နှာလေးချီပြီး

"ဟွန့် ကူးကူးကြိုက်တာပဲကို...ကူးကူးကြိုက်ဖို့အရေးကြီးဆုံးမဟုတ်ဘူးလားလို့...ပြီးတော့
ကူးကူးပြောတာဟုတ်ပါဘူးနော်...

ကြီးကြီးတို့်ပြောတာကြားတာပါဆို"
နှုတ်ခမ်းလေးဆူကာဆူကာပြောနေတဲ့ ၅နှစ်သားအရွယ်ကလေးကို ၁၂နှစ်သားအရွယ်ကောင်လေးကချစ်စနိုးကြည့်နေတဲ့မြင်ကွင်းလေးဟာ ဥယျာဉ်ထဲက ပန်းတွေထက်သိပ်လှပါသည်။

"ကူးကူး ကိုကိုပြောတာနားထောင်...ယောကျားလေးချင်းကယူလို့မရဘူး ကူးကူးရဲ့"

"အဟင့် ..အာ့ဆိုကူးကူးကတစ်သက်လုံးတစ်ယောက်တည်းဖြစ်နေတော့မှာပဲလို့...အဟင့် ဆရာရသေ့ကြီးကပြောတော့
ကူးကူးက ကိုကို့တွတ်မွေးလာရတာတဲ့ ကိုကိုကလည်းယူလို့မရဘူးဆိုတော်ကူးကူးက ဘယ်လိုလုပ်ရမှာလဲလို့်"

ပြောလည်းပြော နှပ်ချီးတစ်ရှုပ်ရှုပ်နဲ့ငိုချလိုက်တာမို့်မင်းသန့် ဘာလုပ်ရမှန်းမသိတော့
ကူးကူးက အငိုတစ်အားသန်သည်။
တစ်ခါ စိတ်ဆိုးတုန်းကဆို ငိုတာများ လုံးဝချော့မရရေသောက်ပြီးငိုတဲ့ ကလေးမျိုး...။

ဘာလုပ်လို့လုပ်ရမှန်းမသိခင်
မြန်မာဝတ်စုံကိုကျော့နေအောင် ဝတ်ထားတဲ့
မင်းသန့်မောင်ရဲ့အမေ ရောက်လာတာမို့
ကယ်တင်ရှင်ကြီးရောက်လာသလို..
ကူးကူးကမေမေ့ စကားဆိုနည်းနည်းနားထောင်တယ်..

"သား ကူးကူးကဘာလိုငိုနေတာလဲကွယ်..လာလာသားလေးဘာလိုငိုနေတာလဲ ကလေးရဲ့..."

"မေမေခင် အဟင့် ကိုကိုကလေ ကူးကူးကို တာဝန်မယူဘူးတဲ့..အဟင့် ..ကူးကူးဘယ်လိုလုပ်ရမလဲဟင်....အဟင့်"

"အလိုတော် မေမေခင်ရဲ့ သားငယ်လေးကို ကိုကိုက အနိုင်ကျင့်လို့လား"

ပါးဖြူဖြူဖောင်းဖောင်းလေးမှာမျက်ရည်တွေ တစ်လုံးချင်းလှိမ့်ဆင်းလာပြီး

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now