အချစ်​ဦးမို့...ချစ်​ပါသည်​..."24"

18.1K 2K 104
                                    

#unicode
#zawgyi

"ကူးကူးလေးက သားကို မပြောဖို့ပြောထားလို့်ပါကွယ်...၁၀တန်းဆိုတော့ အန်တီမေလည်းအနှောက်အယှက်မဖြစ်စေချင်ဘူး"

ဒီအခါနဲ့ဆို ကူးကူးရဲ့ဘော်ဒါဆောင်ကို မေးတာအခေါက်ရေမနည်းတော့။
ကလေးတွေရင့်ကျက်ရင်လှည့်မကြည့်တတ်ဘူးလား....။

ကိုကို တောင်းပန်ပါတယ် ကလေးရယ်...။

"ဟုတ်ကဲ့ပါ အန်တီမေရယ်...ဒါမယ့် ကိုကိုကတောင်းပန်ပါတယ်လို့တော့ပြောပေးပါ...ဒါ ကူးကူးအတွက်မုန့်တွေရယ်စာအုပ်တွေရယ်ပါ၊ ဒါလေးတော့မငြင်းပါနဲ့"

အပတ်စဉ်တိုင်း ရောက်လာတဲ့မုန့်တွေရယ် စာအုပ်တွေရယ်စာတစ်ချို့ရယ်ကြောင့်ဒေါ်မေလင်းသက်ပြင်းချမိသည်။

စကားအစမခံတဲ့ သားလေးက အရင်ကလိုပေ့မယ့်ခံစားချက်တွေကိုဖုံးကွယ်တတ်လာသည်။
ခက်တော့လည်းခက်ပေသည်။

"သားဖေဖေ က သားကို အိမ်ထောင်ဖက်တွေ့ဖို့
မပြောသေးဘူးလား... စံအိမိရဲ့ ထုံးစံအရဆို....."

"အလင်းကူးကလွဲရင် ဘယ်သူမှမဖြစ်နိုင်တော့ပါဘူး....."

ရင်ခုန်သံတွေကို စမ်းစစ်ဖို့ ကြိုးစားခဲ့ဖူးသည်။
သဝန်တိုတဲ့အခါ ကိုယ့်ညီလေးမို့နှမျောလို လို့ တွေးခဲ့သည်။
အရွယ် ရောက်လာတဲ့အမျှ တိုးပွားလာတဲ့ချစ်ခင်သူတွေကြားကူးကူးနဲ့ သူနဲ့အနေဝေးခဲ့သည်။
ဒါမယ့် ကူးကူးရဲ့ပထမဦးဆုံးပေးကသူဖြစ်ခဲ့စမြဲ....။

ဒါတောင် ဒီကလေးကိုသူပစ်ပယ်ခဲ့မိသည်။

"ကူးကူးကို ညီလေးတစ်ယောက်လိုပဲသားသဘောထားနေတာပါကွယ်..."

ညီလေး...။ အဖန်ဖန်သေမိန့်ချသလိုပါပဲလား...
မင်းကငါ့ညီလေးလိုပြောတိုင်းငိုတတ်တဲ့ကူးကူးလေးကဒီလိုပဲနာကျင်ခဲ့ရှာမှာပဲ....

ကိုကို့ကို မချစ်တော့ဘူးထင်တယ်ကလေးရယ်....။

ဘော်ဒါတက်ထဲက ထည့်ပေးတဲ့ကိုကို့ရဲ့စာတွေ...
အပတ်စဉ် မေကြီးတို့လာတွေ့တိုင်း ထည့်ပေးလိုက်ပေ့မယ့်ကူးကူးလုံးဝမဖွင့်ဖတ်ဖြစ်....။

"အလင်းကူး... စွံတယ်ကွာ..... ဘော်ဒါမှာလည်း
ကူးကူးရဲ့အပြုံးကို ကြွေတဲ့ဆိုတဲ့ဟိုကောင်တွေနဲ့ ရဲရင့်နဲ့ပြသနာဖြစ်လွနိးလို့  အလင်းကူးကို လုကြလို့ဆရာကြီးဆီ ခဏခဏ ရောက်ရတယ်...
အခုလည်းအပတ်တိုင်းexကြီးဆီက သဝဏ်လွှာတွေပါတွေနဲ့...."

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now