အချစ်​ဦးမို့...ချစ်​ပါသည်​..."13"

20.1K 2.7K 84
                                    

#unicode
#zawgyi

အောက်ထပ်မှာ ကူးကူးအသံကြားတာကြောင့်မင်းသန့် အောက်ထပ်ကိုမြန်မြန်ဆင်းလိုက်ရသည်။

သိတယ် သိနေတယ်...
ဒီပန်ကာလေး က လှစ်နေအောင်လည်တာဆိုတာ.....။
သေချာတာတော့ဒီကောင်လေး သူ့အခန်းထဲ မဝင်လာဘူး...။ အဲဒါမို့ ပုံတွေက သူ့လက်ထဲမှာ ရှိနေဆဲပဲ..။
ဖုန်းထဲက ည ကရိုက်ထားတဲ့ပုံတစ်ချို့ကို
ကြည့်ပြီး ပြုံးလိုက်မိသည်။
မင်းဘယ်လိုလှစ်လှစ် သက်သေနဲ့တကွဖော်ပြမှာမို့ဟွင်းဟွင်း....
စိတ်ထဲ က လူယုတ်မာပြုံး ပြုံးလိုက်သည်။

သူ့ကိုတွေ့တော့ မေမေ့ကိုတိုးတိုးလေး ပြောလိုက်တော့မေက သူ့ကို မျက်နှာ မာမာနဲ့လှမ်းကြည့်တာမို့ သူနည်းနည်းတော့တန့်သွားသည်။
ဟိုပန်ကာလေးကတော့ မျတ်နှာ လေးငယ်ပြီး
ခေါင်းငုံ့ထားတာ ရည်စားတွေအများကြီးထားထားခဲ့တာသူမဟုတ်သလိုပင်.....။

"မင်းသန့် လာအုံး..."

"ဟုတ်မေမေ"

တိုင်မယ်ဆိုပြီးဆင်းလာတော့အခြေအနေမဟန်တာမို့ထမင်းစားခန်းထဲဝင်ဖို့်လုပ်တော့မေမေက ခေါ်တာမို့မင်းသန့် မေမေ့နားသွားရပြီ....။

" မင်းကို မေမေပြောထားတယ် မှတ်လား... ကူးကူးကို အချိန်ပေးရမယ်...ကျောင်းပို့ကျောင်းကြိုမပျက်ကွတ်စေနဲ့ဆိုတာ...အခုကျောင်းမှာ ကူးကူးက သူကိုလိုက်ကြိုက်တဲ့ကောင်လေးတွေက နှောက်ယှက်နေတယ်တဲ့
မင်းကမကြိုဘူးဆို...ညကတောင် အိမ်ထိလာပြီး
ချိန်းလားခြောက်လားလုပ်လို့ ကူးကူးလေးမှာ လန့်ပြီးမေမေကို လာပြောရှာနေတယ်..."

ချိန်လားခြောက်လားလုပ်တဲ့သူ...ဒီကူးကူးကို သာ
အဲလိုလုပ်နိုင်တဲ့သူရှိရင် ဒီကလူကလက်အုပ်တောင်ချီမိအုံးမှာ...ဒင်းလူလည်ကျသွားပြန်ပြီ...
ဒီလိုမေမေကိုပြောထားတော့ သူသာ ညကပုံတွေပြလိုက်ရင်ပြသနာက သူဘက်လှည့်လာနိုင်သည်။အဲ့တော့သူငြိမ်ခံနေယုံသာ။

"ကိုကိုက ကူးကူးကို မကြိုချင်လည်းကူးကူးနားလည်ပါတယ်
မေမေခင်ရယ်..."

မျက်နှာလေးငယ်ပြီးပြောနေတာက play boyဆိုတာယုံနိုင်ဖွယ်မရှိ...

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now