အချစ်​ဦးမို့...ချစ်​ပါသည်​..."21"

17.5K 2.1K 141
                                    

#unicode
#zawgyi

"အချစ်က ကောင်းကျိုးကို မပေးဘူး အဟင့်....
အချစ်ဆိုတာကြီးကို ကူးကူးစိတ်နာတယ်...ထားပစ်ခဲ့မယ်အဲ့လူဆိုးကြီးကို...ပျော်ပါစေ...အီးဟီး....အဲလိုလည်း မဟုတ်ဘူး..မပျော်ပါစေနဲ့...ကူးကူးကိုငိုရအောင်လုပ်တာမပျော်ပါစေနဲ့ အီးဟီး...သူမပျော်မှ ကူးကူးဆီပြန်လာမှာမို့ မပျော်ပါစေနဲ့ ..အီးး"

"ဟယ် သားဘာဖြစ်တာလဲကူးကူး...ပြောစမ်း
မေကြီးကိုပြောစမ်း..လက်မောင်းကဘာဖြစ်တာလဲ..."

တစ်ရှုပ်ရှုပ်နဲ့ငိုနေတဲ့သားကြောင့်
ဘာတွေဖြစ်လာလဲ ဆိုပြီးစိုးရိမ်လာသည်။
လက်မောင်းကို ဖိထားတာကြောင့် လှန်ကြည့်လိုက်တော့ညိုမဲနေတဲ့ဒဏ်ရာ...။

"ကူးကူး မေကြီးကိုပြောစမ်း..ဘာဖြစ်တာလဲလို့
မေးနေတယ်လေ..နင့်ကိုဘယ်သူလုပ်လိုက်တာလဲ..."

ပိုးမွေးသလိုမွေးထားတဲ့သားမို့ ဒဏ်ရာဒဏ်ချက်နဲ့
တွေ့တဲ့အခါ ရင်ဘတ်ထဲစို့တက်ပြီး မျက်ရည်ပါကျမိလာသည်။

"အီးဟီး.. မေကြီး...ငိုပါနဲ့ လို့..ကူးကူးမနာပါဘူး...
ကူးကူးဘာမှဖြစ်ဘူးလို့..."

"ဟုတ်ပြီး ... ဒါဆို ဒီဒဏ်ရာက ဘယ်ကနေရလာတာလဲ "

"ကူးကူး ချော်လဲတာ..."

မေကြီးကိုကူးကူးညာလိုက်သည်။
ကူးကူးကိုသူများလုပ်လိုက်တာဆို မေကြီးကစိတ်ဆိုးမှာ...။

"ဘယ်လိုဖြစ်တာလဲ...ကဲ ကဲ မေကြီးဆေးလိမ်းပေးမယ်...အို..ငါသားဝက်ပေါက်လေး နာသွားပြီ...."

မေကြီးရဲ့ဝက်ပေါက်လေးဆိုတဲ့ အသံကြားတော့
ကူးကူး ဟိုအမကြီး ကိုပြန်မြင်ယောင်လာသည်။
အဲ့အမကြီးကတကယ်လှတာ...ကူးကူးပိုဝမ်းနည်းလာသည်။

"အီးဟီး... မေကြီး..."

ငိုလည်ငို ကူးကူး ဆုံးဖြတ်လိုက်သည်။
Confidence level တွေ so high ဖို့
ကူးကူးလည်း ပြည့်စုံနေမှရမည်မို့....။
ကိုကိုနောင်တရ ရမည်။..
အဲ့ကြမှကူးကူးကမချစ်ပဲ... ကိုကို့ကို ပလစ်ပစ်မည်။
အဲလိုကြတော့လည်း ကိုကိုနှလုံးသားလေးနာကျင်သွားမှာနော်။
ကူးကူးဘယ်လိုလုပ်ရမလဲမသိတော့ဘူး.....အီးဟီး

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now