အချစ်​ဦးမို့...ချစ်​ပါသည်​..."25"

19K 2.1K 94
                                    

#unicode
#zawgyi

"ကောင်းကျိုးမပေးတဲ့လူကြီး.... လူရှုပ်ကြီး
ဒီလောက်တောင်သူ့နား ကပ်တဲ့ မိန်းမတွေ
ဒုက္ခပေးတာတောင် အခုထိ သူ့ကိုသူ ဖြောင့်တယ်လို့
ထင်နေတုန်း...ဘောပဲ..."

ကောတော့ကော့တော့ နဲ့အရှေ့ကနေ့သွားပြီး
ပစ်ပစ်နှစ်နှစ်ဆဲနေတဲ့ ထို အကောင်လေးဟာ
ခုနက ကိုကြီး ဆိုတဲ့ ချွဲနေတဲ့ အကောင်လေးမဟုတ်တော့သလို....

ရဲရင့်နဲ့ ကောင်းကင်ဉာဏ်မှာ မျက်နှာလေးငယ်ပြီး
သူ့နောက်လိုက်ရပြီ....။

မသိရင် အခုချက်ချင်း ဘုရားအဆူဆူပွင့်ရင်တောင်
မျက်နှာချင်းမဆိုင်တော့တဲ့ ဆုပန် တော့ မလိုလို....
နောက်တော့ လည်းကိုကို့ရဲ့ကူးကူးဟာ မပြောင်းလဲသေးပါဘူးကူးကူးရယ်....။

"မြန်မြန်....."

"ဗျာ..."

"သွက်သွက်လာ...ရဲရင့် မင်းလည်းလူငယ်ပီပီ
သွက်သွက်လပ်လပ်နေ"

ဉာဏ်နဲ့ ရဲရင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိသည်။
ဘယ်နှယ် လမ်းကြောင်းပြောင်းပြီးမုန်တိုင်းက သူတို့ဆီဝင်လာပါလိမ့်...။

ကြာကြာတွေးချိန်တော့မရလိုက်ပါဘူး၊ကော့ပဲ့ကော့ပဲနဲ့
သွားနေတဲ့ နှလုံးသားလေးနောက်ကို မပြေးရုံ တစ်မယ်
လိုက်ရပေတော့သည်။

စားစရာကိုမျိုးစုံမှာနေတဲ့ကူးကူးဟာ
တစ်ဆိုင်လုံးကိုအပြတ်ဝယ်တော့ မလိုပင်....။

သူတို့နှစ်ယောက် တူလေးကိုင်ပြီး
တစ်ယောက်မျတ်နှာ တစ်ယောက်ကြညိ့မိသည်။

"ကူးကူး ...ကုန်ပါမလား..."

"ဘာလဲမသထာဘူးလား မြန်မြန်က..."

ခေါငိးကို ဘယ်ကာညာကောရမ်းပြီး
လက်ပါခါပြရသည်။

"အာ စားပါစားပါ အဝသာစားနော်...ကူးကူးကို
ကိုကြီးမသထာစရာလား...."

"ပြီးရော ..ဟွန့်... ရင်ထဲမှာ မကောင်းရင်
အစားများများစားပေးရတယ်..."

"ဘယ်သူပြောတာလဲဟင်..."

"ငါပြောတာ..ဘာဖြစ်လဲမကျေနပိဘူးလား...."

ဒီတစ်ခါ မုန်တိုင်းသည်ရဲရင့်ဘက်သို့
နည်းနည်းပိုပြင်းထန်သည်။
တူတွေဘာတွေ ပစ်ချပြီးခုံတွေဘာတွေ ပါ ရိုက်ချလို့...။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now