အချစ်​ဦးမို့...ချစ်​ပါသည်​"6"

21.7K 2.5K 105
                                    

#unicode
#zawgyi

"ဒီအမေ စိတ်ပူနေမှာကိုနားမလည်ဘူးလားကူးကူး...ဟယ်...နင်ကအလိုလိုက်လို့်စိုးနေတာလား..."

ကူးကူးမေကြီးက ကူးကူးကိုရိုက်ဖို့ လက်ပိုက်ခိုင်းထားလို့်
ကူးကူးမှာလက်ပိုက်ပြီး တစ်ရှုံ့ရှုံ့...

သံပေတံကြီး တစ်ရွယ်ရွယ်နဲ့ မရိုက်ရက်ပေမယ့်
ကူးကူးက ပြင်းပြင်းထန်ထန်အရိုက်ခံရတဲ့ပုံစံနဲ့
မျက်ဲရည်တစ်ရွဲရွဲ.....

"မေလင်းရယ်...မဆူပါနဲ့တော့ ...ကူးကူးလည်း
ပင်ပန်းနေပါပြီ...သွားသွား သားလေး အပေါ်တတ်တော့"

ရိုက်မယ်ဟန်ပြင်နေတဲ့ သူမှာလည်းမျက်ရည်တွေ ဝေလို့...
လက်ပိုက်ထားတဲ့ ကောင်ငယ်လေးမှာလည်း
မျတ်ရည်တွေနဲ့မို့ သူပဲ ကြားခံဝင်ပြောလိုက်ပေ့မယ်
ကူးကူးလေးကတော့

"အဟင့် မေကြီးကရိုက်မယ် ဆို အဟင့်
ကူးကူးကခံရမှာပါ..
အဟင့်... ကူးကူးကို ကိုကို့ကထားခဲ့လို့်
ရင်ဘတ်ကြီးကအဟင့် နာနေတာပါ...
မေကြီးရိုက်ရင် လည်းကူးကူးက
အဟင့် ပိုပြီး အနာခံရမှာပါ.."

ကူးကူးလေးကတစ်ချက်ချကိရှိုက်ပြီး
ရင်ဘတ်လေးပုတ်ကာပြောနေတော့
အားလုံးမှာ
ငိုရခတ် ရယ်ရခတ်..

"ငိုရင် ရုပ်စိုးလို့ အဟင့် မငိုချင်ကာမှ...အီး ဟီး..ကူးကူးကို
ငိုချင်အောင်ပဲ လာလာဆူနေကြတယ်"

ပြောပြီးမင်းသန့်ကိုတစိချက်မျတ်စောင်းထိုးကာ
အပေါ်ပြေးတတ်သွားတဲ့
အဆိုးလေးကြောင့်အားလုံးမှာစိတ်ပူရ
ရယ်မောရနဲ့အိမ်နှစ်အိမ်ရဲ့ ဆည်းလည်းသံလေးပင်....

_________________________

အဝါရောင်လေးခင်းထားတဲ့အိပ်ယာလေးပေါ်မှာ
ကူးကူး တမလင်ခွေထိုင်ကာ
ဆာနေတဲ့ ဗိုက်လေးကို ဖိထားမိသည်။

တစ်နေ့လုံးမှ ကော်ဖီလေးနဲ့ပေါင်မုန့်လေးရယ်
မြန်မြန် ကျွေးတဲ့ကိတ်ပိစိလေးရယ်သာ စားရသေးတာမို့
ကူးကူးရဲ့ဗိုက်အကြီးကြီးကဆာနေပြီရယ်...

အောက်ဆင်းပြီးလည်းသွားချင်ပါဘူး..
ကိုကိုရှေ့မှာ အရှက်ကွဲအောင်ဆူတဲ့မေကြီးကိုလည်းမကျေနပ်ပေါင်...

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now