အချစ်​ဦးမို့...ချစ်​ပါသည်​.."10"

20.9K 2.5K 173
                                    

#unicode
#zawgyi

လူတိုင်း ဟာ ကိုယ် သဘောကျကျ မကျကျ
ကိုယ့်ကိုသဘောကျရင် ရင်ခုန်ကြတာပဲထင်တယ်..
ကူးကူးဆိုရင်အခုဆို ရင်တွေခုန်လို့...
အရင်ကဆို ကိုကို့ကို ပေါက်ပေါက်ဖောက်ပြီးလိုက်နေတဲ့ ကူးကူးဟာအခုဆို စဉ်စားခန်းဖွင့်နေရပြီး..

ဟူး....လူချစ်လူခင်ပေါများတာပင်ပန်လိုက်တာ...
ပျော်ရွင်မှုတောင် မရှိတော့သလိုပဲ...ဟူး....

"ဘာတွေသက်ပျင်း ချနေတာလဲကူးကူး...မဟုတ်တာတွေမလုပ်နဲ့နော်...ဒါဘာလဲသိလား..."

လက်သီးကိုဆုပ်ပြပြီး မျတ်နှာတည်တည်နဲ့ပြောတော့

"သိတယ် လက်သီး..."

"သိရင်ပြီးရော...မရှည် တဲ့အရပ်ပုအောင်ထုပစ်မယ်..."

"ကိုကိုနော်...ကူးကူးကချစ်တယ် ဆိုပြီးအနိုင်မကျင့်နဲ့...
စိတ်ကုန်ရင်မလိုက်တော့ပဲနေမှာ..."

မျတ်စောင်းထိုးပြီးပြောလိုက်တဲ့ကူးကူးကြောင့်
ဦးမြင့်ကြီးက သဘောကျသည်။

" အရွယ်ကလက်တောက်လောက်နဲ့ တစ်ချိန်လုံး
ဒါပဲစဉ်စားနေတယ်....စာဆို ကူးကူးတို့ဖမ်းလို့မရဘူး..."

"စာကအရေးမှမကြီးတာ ... ဘဝမှာအရေးကြီးဆုံးက
ပျော်ရွင်နေဖို့ပဲတဲ့ ...ကူးကူးစကားဟုတ်ဘူး မေမေခင်စကား..."

"ကူးကူး..."

ဆိုဆုံးမနေရင်း တစ်ခွန်းမကျန်ပြန်ပြောနေတာကြောင့်
မင်းသန့်စိတ်ဆိုးလာသည်။

"ကူးကူးကမှန်တာပြောတာလေ... ဟွန့် ကိုကိုက အမှန်တရားကိုလူကြီးဖြစ်ပြီးလက်ခံနိုင်ဘူး..."

"အေ ပြောချင်တာပြော အဆင့် က ဘိတ်ချီးဆိုရင်
စကားလာမပြောနဲ့တော့... ကြားလား..."

မင်းသန့်ချိန်းခြောကိလိုက်တော့ နှုတ်ခမ်းပိစိလေး က
ဆူပုတ်ကာ....

"ကိုကိုနော် လာ မအော်နဲ့..ကူးကူးက
အရင်လို ကိုကို တစ်ယောက်ပဲရှိတဲ့ ကူးကူးမဟုတ်တော့ဘူး"

သူကိုတောင်ပြန်ပြောသွားတဲ့ ကူးကူးကြောင့် မင်းသန့်
အသက်ရှူမဝတောင်ဖြစ်လာသည်။
ကျောင်းရှေ့လည်းရောက်နေပြီမို့်
ကားပေါ်က ဆင်းလိုက်တော့
အရင်ကဆိုကြမ်းကြမ်းတမ်းတမ်းဝင်လို့်ပြောမေရတဲ့ ကူးကူးက
အိန္ဒြေကြီးနဲ့ ဝင်လို့်....

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now