အချစ်​ဦးမို့...ချစ်​ပါသည်​..."Final"

24K 1.9K 215
                                    

#unicode
#zawgyi

အိမ်ထောင်ကျပြီးမှမင်းသန့်သိလာရတဲ့
ကူးကူးရဲ့ specialအကျင့်များထဲကမှတစ်ခုကတော့
မနက်ဆို ခြေထောက်နှစ်ဖတ်ကိုသူ့ရင်ဘတ်ပေါ်ပစ်တင်ကာ
ကန့်လန့်အိပ်ခြင်းပင်...။

ညဘတ်ဆိုဘယ်လောက် Roဆန်အောင်
လက်မောင်းလေးပေါ်တင် ရင်ခွင်လေးထဲထည့်ကာ
အိပ်ပေ့မယ့် မနက်နိုးလာရင်တော့
ခြေထောက်နှစ်ချောင်းက မျက်နှာပေါ် တတ်မတတ်ပင်...

ဒါတောင်စယူခါစက ကိုယ်က
ကလေးလေးကိုယူထားတာဆိုတော့ညစဉ်ညတိုင်း
ရင်ခွင်လေးထဲထည့်ကာအိပ်စက်မည်ဟု တွေးထားတော့
မင်္ဂလာခန်းဝင် ပစ္စည်းတို့ကို မေမေနဲ့တူတူ ဝယ်တုန်းက
တစ်ယောက်ကျော် နှစ်ယောက်အိပ်မရတဲ့ကုတင်လေးကို
Roဆန်ဆန်လေး အခန်း ပုံစံလေး လုပ်ထားခဲ့ပေ့မယ့်
ကိုယ့်မှာ ညစင်ညတိုင်း ကုတင်အောက်ပဲအကန်ချခဲ့ရတော့
၁ပတ်အကြာမှာ တစ်မိသားစုလုံးတတ်အိပ်လို့ရတဲ့ ကုတင်ကို ထည့်လိုက်ရတဲ့ အဖြစ်....

အဲကြတော့မှသာ သက်တောင့်သက်သာနဲ့
ကုတင်ပေါ်မှာ ခြေနှစ်ဖတ်လေးအတင်ခံရတော့တာပင်...
အခုလည်းညဝတ်အဝါရောင်လေးနဲ့ ကောင်ကလေးဟာ
ခြေထောက် တွေပစ်တင်ကာ ကားယား လေးအိပ်ပျော်လို့်
ဒီ နေ့ ကျောင်းပိတ်ရက်မို့ ညထဲက သူအားရပါးရ အိပ်မှာ
ဆိုပြီးကျုံးဝါးထားတာပင်....

မင်းသန့်ကလည်းအမြဲစာတွေနဲ့နပန်းလုံးနေရတဲ့
သူ့ရဲ့ ခင်ပွန်းလေးကို ပျော်အောင် dateလေးတစ်ခုကို
စီစဉ်ထားတာမို့်...
၈နာရီခွဲဆိုတဲ့ အချိန်မှာတော့ အနမ်းလေး နဲ့အတူ
နှိုးရတော့သည်။

"ကလေးလေး... ..ကူးကူး...babyလေး...အာ့..."

သူကတော့ ro ဆန်ဆန် အနမ်းလေးနဲ့ နှိုးပေးမယ့်
အလင်းကူးဆိုတာ အစားအသောက်ကလွဲရင် မနုညံ့တတ်တဲ့လူစားမို့ သူ့နား ကိုနမ်းလိုက်
သူပါးလေးကို နမ်းလိုက်လုပ်တဲ့
မင်းသန့်ကို မျတ်စိမဖွင့်ပဲ ဖြန်းခနဲရိုက်လိုက်သည်။

" ကူးကူး စိတ်အဆိုးဆုံးက အိပ်နေတဲ့ချိန် ပုကျိပုကျိ လုပ်တာနော်.....ကိုကို လာနှောက်ယှက်နဲ့..."

လက်နှစ်ဖတ်ကို လက်အုပ်လေးပုံစံလုပ်ကာ ပါးလေးနဲ့ဖိပြီး
ဘေးစောင်းပြန်အိပ်လိုက်တဲ့ အလင်းကူး...

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now