အချစ်​ဦးမို့..ချစ်​ပါသည်​"3"

25.5K 2.8K 88
                                    

#unicode
#zawgyi

ကူးကူးဒီနေ့ကျောင်းစတတ်တဲ့နေ့...
ဖေကြီးကလိုက်ပို့ပေမယ့် ကူးကူးကတော့
ကူးကူးရဲ့အနာဂတ်ယောကျားနဲ့ပဲသွားချင်တာမို့ အစောကြီးပြင်ဆင်ပြီး နေပြီ...
သနပ်ခါးကိုဖွေးနေအောင်လူးထားတဲ့
ကူးကူးရဲ့ပါးပြင်လေးပေါ်က ပါးကွတ်လေးနှစ်ဖတ်က မွှေးကြူပါမလားလည်းစိုးရိမ်မိပါရဲ့....။

"ကူးကူးသားရေ မနတ်၆နာရီထဲက ထပြင်နေတာပြီးသေးဘူးလား.."

မေကြီးကလေ ကူးကူးကစိုးရိမ်နေလို့ဟာကို
လူကြီးတွေကလေ ခလေးတွေရဲ့ခံစားချက်ကို
နားမလည်ဘူးဟွန့် ..ဟိုကိုကိုလည်းအပါအဝင်...

"လာပြီမေကြီးကလည်း.. ကူးကူး ကြည့်ရတာအဆင်ပြေလားဟင်...တွေ့တာနဲ့ချစ်ချင်စရာလေးပေါက်ရဲ့လားလို့
ဖေကြီးကူးကူးကိုကြည့်ပေးအုံး..."

"အဟား...ငါ့သားလေးကချစ်စရာကောင်းပြီသားပါကွ..
ဖေကြီးကချစ်လွန်းလို့ငုံတောင်ထားချင်တာ"

"ကျေဇူးတင်ပါတယ် ခင်ဗျ ကူးကူးကိုချစ်စရာကောင်းတယ် ပြောလို့ဖေကြီးကို အာဘွား..ကူးကူးကိုတော့ နမ်းနဲ့အုံးနော်"

အလုပ်သွားဖို့ ခဏထိုင်နေတဲ့ သူ့အဖေဆီကုတ်တတ်သွားပြီး
ပါးကို ဘယ်ပြန် ညာပြန်နမ်းနေတဲ့ ကူးကူး လေးကို
သူတို့လင်မယားမှာချစ်မဝ...
အိမ်ထောင်သက်တမ်းကြာမှရလာတဲ့ ကလေးမို့
အရိပ်တကြည့်ကြည့်ပြုစုစောင့်ရှောက်ထားရတာမို့...

"ဖေကြီးကိုလည်းနမ်းပြီးပြီ...မေကြီးကိုလည်းနမ်းပြီပြီ..
ကူးကူးလည်းယုံကြည်ချကိအပြည့်နဲ့လှနေပြီမို့ ကိုကိုဆီသွားမယ်နော်...ကိုကိုကျောင်းသွားဖို့ပြင်ဆင်ပြီးပြီလားမသိဘူး"

"အဟားငါ့သားကတော့ကွာ.."
ကျောင်းစိမ်း အင်္ကျီလေးဆွဲချပြီး ခေါင်းလေးတစ်မော့မော့
ပြောနေတာမို့ဦးနေနိုင်ထွန်းမှာအသည်းတယားယား...

"ကူးကူး...ကိုကို့ကို အရမ်းမစိုးရဘူးနော်..ပေါက်ကရတွေလည်းလျောက်မပြောရဘူးကြားလား..."

"ဟုတ်ကဲ့ပါခင်ဗျ ကူးကူးစကားနားထောငိပါမယ်ခင်ဗျာ.."
အသံလေးတစာစာနဲ့ ကူးကူးကတော့ ခြံအပြင်ရောက်နေပြီ...
အဲ့ကလေးဟာလေအမြဲလှစ်ခနဲ...
အခုတလောလည်း မင်းသန့်လေးကို သူယူမယ့်သူဆိုပြီး
ခဏခဏပြောလာသေးသည်။
ကလေးမို့ ဘာမှနားမလာ်သေးတာမို့်
အတင်းအကျပ်တွေမပြောချင်...
တော်သေးသည်..မခင်တို့် ယဉ်ယဉ်ကျေးကျေးနဲ့
မာနမကြီးတဲ့သူမျိုးမို့...

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now