အချစ်​ဦးမို့...ချစ်​ပါသည်​..."22"

18.3K 1.9K 135
                                    

#unicode
#zawgyi

"ကူးကူးကျောင်းသွားမယ် ...ကူးကူးကျောင်သွားမယ်..."

မနက်မိုးလင်းထဲက အဲ့နှစ်ကြောင်းပဲရွတ်နေတဲ့
သားတော်မောင်ကို ကြည့်မရတော့....။

"ကူးကူး..."

"ဗျာ..ဗျ.."

"နားညည်းနေပြီ ...ပိတ်ထားတော့..."

"မေကြီးနော် ခုထဲက ကူးကူးအသံကို နားထောင်ထားနော်...ဟွန့် နောက်ကျမှ မေ့သားလေး အသံကြားချင်တယ်ဆိုမှခမည်းခမတ်အိမ်မှာလိုက်နားထောင်နေရမယ်...."

"ပေါက်ကရတွေပြောမနေနဲ့...စာသင်မှာမှတ်လား
ရေမွေး နံ့ကလည်းထောင်းနေတာပဲ..."

" ဘုရား ဖူးရင်း လိပ်ဥလည်းတူးရင်ပေါ့ မေကြီးရဲ့..."

မေကြီးကိုပြန်ပြောရင်း ကိုယ်အပြောနဲ့ကိုယ်သဘောကျကာ တစ်ဟစ်ဟစ်ရယ်မိသေး။

"သွားသွား..မင်းသန့်ကို မရှုပ်နဲ့နောိ..
စာကောင်းကောင်းလုပ်ကြားလား...."

"ဟုတ်ကဲ့ပါခင်ဗျာ... ဟုတ်ကဲ့ပါခင်ည..."

ပြောင်ချော်ချော်နဲ့ ပြောတော့ မေကြီးက ရိုက်မလို့ လုပ်ကာ..

"နာအုံးမယ်..."

"မေကြီးရေအာဘွား...ကူးကူးသွားပြီ..."

သန့်စင်မွေးကြိုင်စွာနဲ့ စာလည်း သင်ရင်း
ယောကျားလည်းပိုးရင်းဟီးဟီ...။

မွေးကြိုင်နေတဲ့ သနပ်ခါးလေးရယ်...
အီ နေတဲ့ ရေမွေးနံ့လေးရယ်...
သေချာတယ် ကိုကို တော့ကူးကူးရဲ့ ခန့်ညားခြင်းတွေမှာလမ်းပျောက်နေတော့မှာပဲ။

မစိုးရိမ်ပါနဲ့ကိုကို..။ကူးကူးဟာအသည်းခွဲတတ်တဲ့ playboy လေးလုံးဝမဟုတ်ရပါ။

"မေမေခင်...မေမေခင်ရေ...."

ခြံထဲဝင်လာထဲက ပထမဆုံး မေမေခင်ကို
အော်ခေါ်လိုက်သည်။
မေမေခင်လည်းကြားကိုကို လည်းကြား။

"အန်တီခင် ဦးနဲ့အပြင်သွားတယ်...
မင်းကဘာလာလုပ်တာလဲ....."

ဒီအိမ်ဒီယာကို ကူးကူး ဟို အကောင်ပေါက်လေးထဲက
ဝင်ထွက်နေတာဒီလိုဘယ်သူမှမမေး...။
ဧည့်သည်က ဧည်သည်လိုမနေသူများအား
ကူးကူးကြည့်မရပါ။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now