အချစ်​ဦးမို့...ချစ်​ပါသည်​..."7"

21.5K 2.6K 281
                                    

#unicode
#zawgyi

ဒီနေ့ဥပုတ်နေ့...

မင်းသန့်တို့အိမ်မှာ ဥပုတ်နေ့တိုင်း ဆွမ်းကပ်ပြီး
အလုံးစုံတာဝန်ယူထားတဲ့ မိဘမဲ့ဂေဟာတွေကို
လိုအပ်တာတွေသွားကြည့်ပြီး လှူဒါန်းတဲ့နေ့ပင်...

ထိုနေ့ဆို အပျော်ဆုံးက ကူးကူးပဲ...
ဘုန်းဘုန်းတွေကိုကပ်လိုကျန်တဲ့ ဟင်းတွေအများကြီးစားရတာမို့် ကူးကူးကတော့တစ်အားပျော်နေတာပါပဲ...
ပြီးရင်းမိဘမဲ့ ဂေဟာက ကလေးတွေနဲ့
သူဆော့ရတော့တာမို့် ထိုနေ့ရောက်တိုင်း အားလုံးထဲမှာ ကူးကူးကအတက်ကြွဆုံးပင်...

မေမေခင် ဘုန်းဘုန်းတွေကိုဆွမ်းကပ်နေတော့
ကူးကူးက နောက်ဖေးကနေ ငါးဖယ်သုတ်လေးကို
မျက်စောင်းထိုးနေပြီ...အရသာတအားရှိမှာ ရှောက်ရွက်မွေးမွေးလေးနဲ့...မေမေခင်လက်ရာက ရှယ်...။

အများကြီးမစားနိုင်မှာဆိုလို မနက်က မေကြီးကြော်ကျွေးတဲ့ထမင်းကြော် ကိုပင် ၂ပန်းကန် စားရမယ့်နေရာမှာ တစ်ပန်းကန်ပဲစားထားရတာ....

ကိုကိုကတော့လသူ့သူငယ်ချင်း ဖြူလေးဆိုတဲ့
မမနားကမခွာ.....။
ကိစ္စမရှိပါဘူးနော့...ဒီအချိန်မှာ ဟင်းတွေက လွဲရင်ကူးကူးဘာမှစိတ်ဝင်စားဘူး....။

ကိုကိုက ကူးကူးခြံထဲကကြက်
ကူးကူးဘယ်အချိန်ရိုက်စားစား
ကိုယ့်ကို ယုံကြည်မှုအပြည့်ရှိတယ်...

ဟင်းလေးတွေကိုငေးလိုက်
ဆွမ်းစားနေတဲ့ ဘုန်းဘုန်းတွေကိုငေးလိုက်နဲ့
ကူးကူးလုပ်နေတုန်း....
မေမေခင်ရောက်လာသည်။
အချိုပွဲကို သေချာစစ်နေတဲ့နားကိုကူးကူးအသာလေး သွားကာ...

"မေမေခင် ..ဘုန်းဘုန်းတွေ
ဆွမ်းပေးပြီးရင်ကူးကူး စားလို့ရပြီလားဟင်"

"ကူးကူးလေးက ဗိုက်ဆာနေလို့်လား..."

မေမေခင်က ပြုံးပြီးမေးတော့ ကူးကူးဗိုက်လေးကို ပွတ်လိုကိပြီး

"နည်းနည်းတော့ဆာသေးပါဘူး...ကူးကူးနောက်မှစားရင်ငါးဖယ်သုတ်လေးကုန်သွားမှာစိုးလို့စောစောစားထားမို့်ပါ"

ကူးကူးအပြောလေးကြောင့်ဒေါ်ခင်မေသက်ထားမှာသဘောကျရပြန်ပြီ...

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now