အချစ်​ဦးမို့...ချစ်​ပါသည်​..."19"

17.6K 2.1K 123
                                    

#unicode
#zawgyi

ပါးဖွေးဖွေး ဖောင်းဖောင်းလေးထဲကို
မုန့်တွေအပြည့်ထည့်ပြီး စားတတ်ပုံလေးက
အရင်ကလိုပင်။
လုံးဝမပြောင်းလဲပေ။
ဒီကလေးလေးကို သူသတိရနေတာဆို ယုံကြမလား...။

"မြန်မြန် ဒီမုန့်လေးက စားလို့တအားကောင်းတယ် ဟီးဟီး.."

"ကူးကူး ကြိုက်မယိဆိုတာသိလို့်အများကြီးဝယ်လာပါတယ်ကွ..."

မျက်လုံးလေးတွေပိတ်သွားတဲ့ထိပြုံးပြနေတဲ့ ကူးကူးကိုဉာဏ် ကြည့်မဝ...။
အသည်းယားစွာနဲ့ကတုံးပြောင်ပြောင်လေးကိုပွတ်ချင်မိသည်အထိ။

ဒေါ်မေလင်း မှာတော့အစားကိုသရဲသဘတ်စီးသလိုစားနေသော သားကိုတစ်လှည့် ထို ကလေကိုမှအမြတ်တစ်နိုးကြည့်နေတဲ့ ထိုကောင်လေးကိုတစ်လှည့်ကြည့်နေမိသည်။

"ကူးကူး အကိုကြီးကိုအားမကျဘူးလားကွ
ဖေကြီးသားက အချိန်ပြည့်အစားပဲ ..
ဉာဏ်ဆိုရင် အသက်ငယ်ငယ်လေးနဲ့
လုပ်ငန်းတစ်ခုလုံးဦးစီးနိုင်နေပြီကွ..."

ကူးကူး အားကျလိုအားကျငြားပြောကြည့်တာပင်...။

"အားမကျပါဘူး ဖေကြီးရာ... မြန်မြန်က သူမေမေအလုပ်ကိုပလွတ်ခနဲဆိုပြီး ဝင်လုပ်တာလေ၊အမွေဆက်ခံတာလောက်တော့ ကူးကူးတို့က တစ်ရေးအိပ်ပြီးတောင်နေလိုရသေး..."

အစားပလုတ် ပလောင်းနဲ့ပြောလိုက်တဲ့ စကားကြောင့်ဦးနေနိုင်ထွန်းမှာ ကောင်းကင်ဉာဏ်ကိုတောင်အားနာသွားရသည်။

"အမွေဆက်ခံတာကလွယ်တာပေါ့ဖေ့သားရ
အောင်မြင်အောင်လုပ်နိုင်တယ် ဆိုတာ လွယ်တာမဟုတ်ဘူး၊သားဉာဏ်ဆို သူ ဆက်ခံထဲက
shopping centerတွေမှbkkမှာ
လက်ညိုးထိုးမလွဲအောင်ဖွင့်ထားတာသားရဲ့..."

"မပူနဲ့ ကူးကူး ဖေကြီးအလုပ်ကိုဆက်ခံရင်လည်း
ဆိုင်တွေအများကြီးလမ်းညိုးထိုးမလွဲအောင်ဖွင့်ပစ်မှာ..."

သားလေးကသူ့အလုပ်ကိုလည်းစိတ်ဝင်စားတာပဲဆိုပြီးအားတတ်သွားပေ့မယ့်နောက်ဆက်တွဲစကားကြောင့်ဆက်မပြောတော့ဘူး ဆုံးဖြတ်တဲ့ထိ...။

"ကူးကူးကြိုက်တဲ့မုန်ဆိုင်တွေဖွင့်မယ်... ပြီးရင်တစ်နေကုန်ဆိုင်တိုင်းလိုက်ပတ်စားပစ်မယ်..."

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now