အချစ်​ဦးမို့...ချစ်​ပါသည်​..."9"

20K 2.9K 229
                                    


#unicode
#zawgyi

" ကျောင်းမှာသနပ်ခါးတွေများကြီး လူးထားတဲ့
ပထမဆုံးနေ့ထဲက ငါမင်းကိုသဘောကျနေတာ.."

ကူးကူးမေးဖျားလေးကိုကိုင်ပြီအပီရည်စား စကား ပြောနေသော ငနဲလေးကို မင်းသန့်မှာ ဒေါသထွတ်ရခတ် ရယ်ရခတ်....
အနောက်မှာပါလာတဲ့ ဖြူကတော့ သူ့မောင်ရင်ဖွင့်ခန်းကို
တခစ်ခစ်နဲ့ ရယ်ပြီး သဘောကျနေလို့်...
မသိချငိယောင်ဆောင်ဆက်နားထောင်နေလိုက်သည်။
အရွယ်က လက်တောက်လောက်နဲ့....

ကူးကူးကမျတ်ဝန်းအဝိုင်းသားနဲ့ ကြည့်နေတော့
သကောင့်သာလေးက မေးဖျားကိုင်ထားတဲ့လက်ကိုလွတ်ကာ
ကူးကူးလက်ဖဝါးလေးကို သူ့လက်သေးသေးလေးကိုဆုပ်ကိုင်
လိုက်ပြီး သက်ပြင်းလေးချကာ...

"ငါကိုသဘောမကျသေးရင်...
အရင်တွဲကြည့်လေးနော် ကူးကူး..ငါမင်းအတွတ်
မုန့်တွေလည်းအများကြီးအိမ်ကယူခဲ့ပေးမယ်လေ...
မေမေပေးတဲ့ မုန့်ဖိုးနဲ့လည်းအရုပ်တွေဝယ်ပေးမယ်လေ..."

သေသေချာချာကိုအပီခြွေနေတဲ့ရဲရင့်သုတလေးပါ...
ကူးကူးအပြတ်ငြင်းမှာလည်း ကြောက်နေတဲ့ ပုံ...
ချေချေနေလို့ ကူးကူးက သိပ်သဘောမကျပေမယ့်
အပြတ်တော့ငြင်းချင်ပါဘူးရယ်...
သူများနှလုံးသားလေးမနာစေချင်တာ ကူးကူးရဲ့ စေတနာ
ကူးကူး ဒီလိုမျိုးတော့သိပ်ကိုယ်ချင်းစာတာမို့်.....
ဒါမယ့် ကူးကူးက ကိုကိုပဲသဘောကျတာမဟုတ်လား...

အခုတော့ဘာမှမပြောရဲဘဲငြိမ်နေမိသည်။
မျတ်နှာကြီးပူထူနေတဲ့ ကူးကူးဟာ ဒီလိုအချိန်မှာ
တစ်စုံတစ်ယောက်ရဲ့ကူးကူးရေဆိုတဲ့
ခေါ်သံကိုသိပ်လိုချင်နေမိပြီ..

"ကျောင်းဖွင့်ရင် စောင့်နေမယ်နော်...အဲ့ကြအဖြေပြန်ပေးနော်
ကူးကူး"

ပြောလည်းပြော သူနှုတ်ခမ်းသေးသေးလေးနဲ့ကူးကူးပါးကို
နမ်းဖိုလုပ်တော့ မင်းသန့်မှာမနေနိုင်တော့...
ဒီလောက်ထိတော့လက်မခံနိုင်...
ထိုကောင်လေး နှုတ်ခမ်းကူးကူးပါးပေါ် မဝဲခင်
အသံကျယ်ကြီးဖြင့်

"ကူးကူး..."

နှုတ်ခမ်းလေးလည်းလေမှာတန့်သွားပြီး
ကူးကူးသည်လည်ယအလန့်တကြားမော့ကြည့်လာသည်။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now