Ko Ko @Khu Khu[Marriage life]

18.2K 1.6K 170
                                    

#unicode
#zawgyi

🔞

"ဒါ...လင်...."

ပြူးပြဲနေတဲ့ မျက်နှာတစ်စုံနှင့်မင်းသန့် တံတွေးမျိုချကာ
တစ်လှမ်းချင်းရှေ့မတိုးလာပဲ တစ်လှမ်းချင်းနောက်ဆုတ်နေမိသည်။

ဘာလို့လဲမသိ ...သူမကောင်းတဲ့ အနံ့အသက်တွေရနေတယ်...ကူးကူးရဲ့တွေးခေါ်နိုင်စွမ်းကိုသူလန့်တယ်လေ။

"အဟွန့်... ဒယ် လင် မဟုတ်ပါဘူး Darlingပါနော်..."

ကူးကူးရဲ့သေသေချာချာ ပီပီသသရွတ်ပြသံအဆုံး တစ်ကိုယ်လုံး ကြက်သီးတွေ တောင်ထကုန်သည်။

"ဘာဖြစ်လို့လဲကူးကူးရဲ့ နေမကောင်းဘူးလား ပူလို့လား
Aircon မြှင့်ထားမယ်နော်..."

အဲဒါပဲ..အသက်ကြီးကြီး လူကြီးတွေကို ယူရတာ မကြိုက်တာ...roလို့Roနေမှန်းမသိ..
ကိုကိုက နောက်ဆုတ်သွားတော့ကူးကူးကပဲတစ်လှမ်းချင်း
ရှေ့တိုးလာလိုက်သည်။
တံခါးမှာ ထပ်ဆုတ်လို့မရတော့တဲ့ ကိုကို့အနားသို့
ကြွကြွရွရွလေးလှမ်းလျှောက်သွားပြီး

ကိုကို ကူးကူးကို မင်္ဂလာဦးည က နမ်းခဲ့သလို ပုံစံတူအတိုင်း
မေးဖျားကိုကိုင်ပြီးနမ်းလိုက်သည်။
ဒါမျိုးတွေ ကူးကူးကသိပ်မတတ်တာမို့်ကိုကိုကသာ ကူးကူးအတွက်သင်ဆရာမြင်ဆရာပဲလေလမဟုတ်ဘူးလား။

မင်းသန့် သူမေးဖျားကိုအတင်းအောက်ကို ဆွဲချကာ
နှုတ်ခမ်းတစ်ခုလုံးကို စုပ်ယူနေတဲ့ကူးကူးကြောင့်
တစ်ကိုယ်လုံးရွစိတတ်လာသည်။
မထူးဘူး...ဖြစ်သမျှအကြောင်းအကောင်းကြီးပဲဟု
တွေးလိုက်ကာ ကူးကူး ရဲ့ တင်ပါးနှစ်ဖတ်မှ ပွေ့ချီလိုက်ပြီး
အနမ်းတွေကို ပြန်ဦးဆောင်လိုက်တော့
ချက်ချင်း ရုန်းကန်လာတဲ့ ကောင်လေး....။

"ဘာလို့လဲကူးကူး..."

"ဒီနေ့ ကူးကူး ဦးဆောင်မှာ..."

"ဘာ ဘာကိုလဲ ဟင်..."

ကူးကူး သဘောတကျဖြစ်သွားပြီး တစ်ခစ်ခစ်ရယ်လိုက်သည်။
ကိုကိုက တကယ်ကို innocence လေးပဲ...။

ကိစ္စမရှိပါဘူး ကူးကူးက မွှတ်နေအောင် လည်ရင်ရတယ်
မဟုတ်လား...။

🎉 You've finished reading အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ခဈြပါသညျ ] 🎉
အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now