အချစ်​ဦးမို့...ချစ်​ပါသည်​..."26"

16.6K 1.9K 113
                                    

#unicode
#zawgyi

မှူး အိမ်ထဲကို ကော့ပဲကောပဲ့ နဲ့ဝင်သွားတဲ့ ကောင်လေးက
မင်းသန့်ကိုတစ်ချက်တောင် နှုတ်မဆက်သွား...။

သက်ပြင်းသာချပြီး မင်းသန့်အိမ်ကိုပဲပြန်လာလိုက်သည်။

ဝင်ဝင်ချင်း ဧည့်ခန်းထဲမှာ စောင့်နေတဲ့ မေမေ....
မေမေမှာမျက်နှာ မကောင်း....
ဖေဖေကော ထိုင်နေတာမို့ ကိစ္စတစ်ခုခု ရှိတယ်ထင်သည်။

"သားလာထိုင်....."

ဖေဖေတို့ရှေ့က ခုံမှာဝင်ထိုင်လိုက်တာနဲ့
မင်းသန့်ကိုသေချာ စူးစိုက်ကြည့်ပြီးအကဲခတ်နေတဲ့ဖေဖေ...

"ဖေဖေပွင့်ပွင့်လင်းလင်းပဲမေးမယ်...ဖေဖေ့သားက
ယောကျားလေးတွေကိုသဘောကျတာလား မိန်းကလေးတွေကိုသဘောကျတာလား..."

ဖေဖေ့ ရဲ့ပွင့်ပွင့် လင်းလင်းလင်းအမေး ကို
မင်းသန့် အံ့သြသွားသည်။

"ဘာဖြစ်လို့လဲဖေဖေ..."

"အကိုကလည်း သားအခုမှပြန်လာတာကိုနောက်မှပဲ..."

"ခင်လေးငြိမ်ငြိမ်နေ... ဖေဖေမေးတာကိုဖြေ...
သားဝေခွဲရခတ်နေတာလား ဒါဆိုရော့..."

မင်းသန့်ရှေ့ရောက်လာတဲ့ ဓာတ်ပုံအထပ်လိုက်တွေကြောင့် မင်းသန့်ကြောင်သွားစည်။

ယောကျားလေးပုံတွေလည်းပါသလို....
မိန်းကလေးပုံတွေလည်ပါသည်။

"အားလုံးက မျိုးရိုးသန့် တွေကြီးပဲ ....
ယောကျားလေးကြိုက်ကြိုက်
မိန်းကလေးပဲကြိုက်ကြိုက်
သားကြိုက်တာရွေးချယ်လိုက်ပါ.....သားအရွယ်ရောက်နေပြီလက်ထပ်ဖို့စိစဉ်တော့...."

"အကိုရယ်...ကူးကူးရှိနေတာပဲလေ...."

"ကူးကူးကို ခင်လေးသားကမကြိုက်ဘူးလေ...အဲ့အတွက်
သားကြိုက်တဲ့ပုံစံကိုငါတို့ရှာပေးရမယ်..."

မင်းသန့် ဓာတ်ပုံလေးအကုန်လုံးကိုသေချာထပ်ပြီး
ဖေဖေရှေ့ကိုပြန်ပို့လိုက်သည်။

"ဖေဖေမေးတာကို သားဖြေပါမယ်...
ဘာသဘောကျလည်းဆိုရင်အလင်းကူးကိုသဘောကျပါတယ်ဖေဖေ...သားကူးကူးကိုပဲလက်ထပ်မှာ...."

"ဒါမှမေမေ့သား....."

ပြုံးပြီးထပြောတဲ့မေမေကြောင့် မင်းသန့်ပြုံးမိသွားသည်။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now