အချစ်​ဦးမို့...ချစ်​ပါသည်​..."23"

18.7K 2.2K 163
                                    

#unicode.
#zawgyi

Cctv ...မြူနှင်း ခြေလက်တွေအေးစက်နေပြီ...။
မိဘမဲ့ဂေဟာလိုနေရာမျိုးမှာcctvရှိနိုင်မှန်းမသိခဲ့ရိုးအမှန်ပင်။
သူမ ကြံစည်တယ်ဆိုတာသာသိသွားခဲရင်ကော...။

ဟုတ်တယ် ....သွားဖျတ်ခိုင်းရင်ရတာပဲ...။
ဒါမယ့်ဘယ်သူမှအပြင်မထွက်ရဘူးဆိုတာကြောင့်
သူမဘယ်လိုလုပ်ရမလဲ ...။

"ငါ့မောင့်ကိုပါအပြင်မထွက်ရဘူးဆိုတော့ ခင်လေး
ညီမက ဒီအိမ်ရဲ့အရှင်သခင်ကိုပါမယုံဘူး ဆိုတဲ့
သဘောလား..."

"အမကျော့ ဒီစံအိမ်မှာအရာအားလုံးက သာတူညီမျှပဲ...ဘယ်သူကိုမှမယုံတာမဟုတ်သလို...
အပြစ်လုပ်ရင်လည်းသေချာပေါက်ပေးဆပ်ရမယ်..."

လူတွေအားလုံးရဲ့အာရုံက အမေကျော့နဲ့
အန်တီခင်ဆီရောက်နေတာမို့် မြူခိုးအသာလေးလှည့်ထွတ်ပြီးမြူနှင်းရဲ့ ဦလေး ဆီကို ဖုန်းဆက်ဖို့စီစဉ်လိုက်သည်။
အမေကျော့ လည်းဒီလိုဖြစ်အောင်လုပ်ပေးနေတာမဟုတ်လား။

အိမ်နောက်ဖေးကိုအသာဝင်ကာ ဖုန်းနာပါတ်တစ်ခုကို
နှိပ်လိုက်သည်။

" ဦလေး ပြသနာတက်နေပြီ....
ဂေဟာမှာcctvတပ်ထားတယ်တဲ့....အခုသွားပြီး စစ်ပေးပါ...တစ်ခုခုပေါ်နေရင် တစ်ခါတည်းဖျက်ပေးပါ ဦလေး...မဟုတ်ရင်း မြူနှင်တို့ စီစဉ်ထားတာ အကုန်တွေ့ကုန်ရင်မြူနှင်းတို့အကုန်လုံး......အား...."

ပခုံးကနေအနောက်သို့လှည့်ပြီးအရိုက်ခံလိုက်ရတဲ့ ပါးတစ်ဖက်။
ဘယ်လောက်အရှိန်ပြင်းလည်းဆိုရင်မြူနှင်းပစ်လဲကျသွားတဲ့ထိပင်...။

"ဘယ်လိုသတ္တိမျိုးနဲ့ ဒီအိမ်ကလူနဲ့
ဒီအိမ်သိက္ခာကျစေတဲ့လုပ်ရပ်ကိုလုပ်ရဲတာလဲ
မြူနှင်းဝေဝေ"

ဒေါသမျက်လုံးတွေနဲ့ကြည့်နေတဲ့ကိုသန့်....
ငါသိပါတယ် ဆိုတဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့အန်တီခင်...
ပျက်ယွင်းနေတဲ့ မျက်နှာနဲ့ အမေကျော့။

"မေးနေတာဖြေလေ....မင်း ငါအနားကိုလာပြီးဒီလိုလုပ်တာဘာအကြံနဲ့လဲ...ပြောလေ...."

ကိုသန့်ရဲ့အသံကျယ်ကြောင့် မြူနှင်း ခန္တာကိုယ်လေးတုန်ခါသွားသည်။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now