အချစ်​ဦးမို့....ချစ်​ပါသည်​..."21"အဆက်

17.9K 1.9K 77
                                    

#unicode
#zawgyi

"ဦးဦးက စိတ်ဆိုးလို့ပြောလိုက်တာနော်...
ကူးကူးလေးကကြင်နာတတ်တာမို့စိတ်မဆိုးရဘူးနော်..."

"ကူးကူးကစိတ်ဆိုးပါဘူး မေမေခင်ရဲ့ ...
စိတ်မကောင်းဖြစ်သွားတာရယ်...ကူးကူးကိုမောင်းထုတ်တယ်.."

ပြသနာဖြစ်ပြီးနောက်ပိုင်း ကူးကူးက အိမ်မလာတော့တာမို့ဒေါ်ခင်မေသက်ထားကိုယ်တိုင်
လာပြီးချော့ရသည်။

ကလေးဆန်ပြီးမင်းသန့်လေးမျက်နှာကလွဲရင် သည်းမခံတတ်တဲ့ကလေးမို့မလာနဲ့တော့ဆိုတော့ မလာတော့ပါ...။

သူမကတော့ အယောင်ဆောင်တွေများတဲ့လောကထဲမှာသူမရဲ့သားငယ်လေး ကူးကူးရဲ့ ဖြူစင်မှုကိုသိရလေ တန်ဖိုးထားလေးမို့ဘယ်နည်းနဲ့မှကလေးငယ်လေးကိုစိတ်မညစ်စေလို...။

မမကျော့ကိုလည်း သိပ်မယုံကြည်...။
မြူနှင်း ကိုလည်းမနှစ်မြို့။
သူတို့ရဲ့စိတ်ကိုလည်းရိပ်မိနဲ့ သူမမှာ စိတ်ညစ်နေမိသည်။
ဒီလိုလေးတွေကိုတော့ကိုယ့်သားနဲ့မနီးစပ်စေလို...။
ဒါကြောင့် ကူးကူးလေးကိုသာ အိမ်ထဲ အဝင်အထွက်လုပ်စေပြီး ကိုယ်တွေရဲ့စိတ်ကိုသိစေချင်တာမို့ပင်...။

"မေမေခင်သားလေးမလာတော့မေမေခင်ကတအားလွမ်းနေတာ..."

"ဟီး မေမေခင်ပြန်လာခိုင်းတာနော်.. အဲဒါမို့ ကူးကူးပြန်လာမှာနော်..."

"ဟုတ်ပါ့တော် မေမေခင်က လာခိုင်းတာပါတော်...ကူးကူးလေးတွက်ကြက်သားပလာတာလေးလည်းချက်ထားပါတယ်နော်..."

"ဟေ့ ...မေကြီးရေ ကူးကူးမေမေခင်တို့
အိမ်သွားအုံးမယ်နော်...မြန်မြန်ကြက်သားဒန်ပေါက်လာပို့ထားရင် မစားပစ်နဲ့နော်...ကူးကူးပဲစားမှာနော်...မေမေခင်မြန်မြန်သွားရအောင်နော်...."

"အမလေး ဟုတ်ပါပြီတော်...စိတ်မပူပါနဲ့.
.မေမေခင်တို့ကလေးလေးတွက်
အများကြီးဖယ်ထားခဲ့ပေးတယ်သိလား.."

"ဟီးပျော်တာ များကြီးပျော်တာ..."

ခုန်ပေါက်ပြီး ထွက်သွားတဲ့ကလေးကိုကြည့်ပြီး
ဒေါ်ခင်မေသက်ထားပြုံးမိသည်။
အလင်းကူးဆိုတာဒီလိုလေးပေါ့ပါးနေမှလိုက်ဖတ်တာမဟုတ်လား။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now