အချစ်​ဦးမို့...ချစ်​ပါသည်​..."28"

17.2K 1.8K 129
                                    

#unicode
#zawgyi

စာမေးပွဲ နောက်ဆုံးနေ.
နေတိုင်း စာမေးပွဲလိုက်စောင့်ပေးတဲ့မေကြီးကို
ဒီနေ့သူငယ်ချင်းတွေနဲ့အပြင်သွားမှာမို လာမကြိုဖို့ရယ်
ဖြေနိုင်တယ်ဆိုတဲ့ အကြောင်းရယ်ဖုန်းဆက်အကြောင်း
ကြားပြီး ကျောင်းဝတ်စုံကိုလဲကာ
ဟိန်းသူ့ထက်တို့နဲ့ ကူးကူးအပြင်လိုက်သွားလိုက်သည်။
အထုတ်တွေကိုတော့ ဘော်ဒါမှာပဲ ခဏထားခဲ့ပြီး
နောက့်နေ့မှလာယူမှာဖြစ်ကြောင်း မှာခဲ့လိုကိသည်။
ရဲရင့်ကတော့ ကူးကူးကိုမလိုက်ဖို့ပြောပြီး
မရတော့သူပါ စူပုတ်ပြီးလိုက်လာသည်။

"သူ့ထက်....ငါညနေအိမ်ကိုပြန်မယ်ပြောထားတာ
အကြာကြီးနေလို့မရဘူးနော်..."

"အေးပါကူးကူးရာ... မင်းကလည်းငါတို့်အခုမှစာမေးပွဲပီးတာပျော်ပျော်နေပါဟ..."

"ပြောထားတာ...ကိုကို လာကြိုမှာ..."

သူ့ထက်မျတ်နှာပျတ်သွားပေ့မယ့်
ညနေပြန်မယ်ပြောလိုက်တာကြောင့်လို့ကူးကူးထင်လိုက်သည်။
သူက ကူးကူးကို ပွင့်လင်းပြောပြီးသား
သူgayမဟုတ်ဘူး ...ယောကျားချငိးမကြိုက်ဘူးဆိုပြီး

"မင်းကိုကိုနဲ့က နောက်ဆိုအမြဲတွေ့ရမှာကွာ..."

"အေးပါ.."

ရဲရင့်ကိုကြည့်လိုက်တော့ မျတ်နှာကြီးစူပုတ်ကာ
ဖုန်းပြောနေတာမို့်ရပ်စောင့်နေလိုက်သည်။

"ကူးကူး ... မေမေ ကပြန်ခေါ်နေပြီ...
အမျိုးတွေ ရောက်နေတယ်တဲ့
လာ ပြန်ရအောင်...."

ကူးကူးလက်ကို လာဆွဲကာ ပြန်ဖို့ပြောနေတဲ့ ရဲရင့်

"မင်းပြန်ရမှာ မင်းဘာသာပြန်လေ...ကူးကူးက ဒီနေ့
ငါတို့နဲ့ လိုက်ဖို့်ပြောထားတာ..."

"ကူးကူးကို ငါမပါဘဲ ဘယ်မှမလွတ်တာမသိဘူးလား
ပြန်မယ်ကူးကူး..."

"ကူးကူး မင်းညနေထိနေမယ် ပြောထားတာ ကတိတည်ကွာ..."

"ရဲရင့်ရာ...အိမ်က ခေါ်နေတာ ပြန်ပေါ့
ညနေကြမှ ငါကိုလာကြိုနော်..မင်းကလည်း..."

"ပြီးတာပဲ လာကြိုမယ်..မင်းတို့ the skyကိုသွားမှာနော်
ငါလာကြိုမယ်နော်..."

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now