အချစ်​ဦးမို့...ချစ်​ပါသည်​"5"

21.8K 2.6K 83
                                    

#unicode
#zawgyi

သွားနေတဲ့တစ်လမ်းလုံးရှာသွားတာလည်း
လုံးဝမတွေ့...ကားကိုမြန်မြန်မောင်းစေချင်မှ
ကားလမ်းကပိတ်နေသေးသည်။
မင်းသန့်လုံးဝပူထူနေမိပြီ
သူ့ကြောင့်...သူအသုံးမကျတာ
ကူးကူးလေးတစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲလို့တွေးလိုက်တော့ရင်ထဲ စူးအောင့်နာကျင်လာသည်။
ဘာမှမဖြစ်လိုက်ပါနဲ့ ကူးကူးရယ်....

"သားလေးရယ် ကူးကူးအဆင်ပြေမှာ ပါ
အရမ်းစိတ်မပူပါနဲ့....ကူးကူးလေးက သန်မာပါတယ်"

"ဒါမယ့် မေမေရယ်..ကူးကူးလေးကဒီနေ့မှာ ကျောင်းတတ်တာ...နေလည်က ဗိုက်ဆာတယ်ပြောတာ သားကိုစိတ်ဆိုးသွားတာ...ဗိုက်ဆာနေရှာမှာ..."

မင်းသန့်ကပြောတော့ ကူးကူးမေမေမှာပိုငိုတော့သည်။
တီတီ ငိုတော့မင်းသန့်မှာ ပိုဝမ်းနည်းမိသည်။

ကိုကိုကအများကြီးအလိုလိုက်မှာမို့်
သေးသေးလေးတောင်မထိခိုက်ပဲနေပေးပါ....

________________________________

ကူးကူးဗိုက်ဆာနေပြီ ... တစ်လုံးဘာမှစားရသေးဘူးရယ်..
အရင်လို ကူးကူးစိတ်ကောက်ရင် ကိုကိုကလာခေါ်နေကြမို့်ဒီတစ်ခါလည်းကိုကိုလာခေါ်ရင်ကြာကြီးရှာရအောင်
ကူးကူးက ကျောင်းနောက်နားက သစ်ပင်အောက်မှာထိုင်စောင့်နေတာ...

ကိုကို ကလာမခေါ်ဘူး....
ကူးကူးတအားဝမ်းနည်းတယ်..ကိုကိုက
ကူးကူးကိုလုံးဝဂရုမစိုက်ဘူးရယ်...
ကိုကိုက စိမ်းကားသွားပြီ

ကိုကိုလာချော့မလားလိုစောင့်နေရင်း
တစ်ဖြည်းဖြည်းမှောငိလာတာမို့
ကူးကူးကြောက်ပြီး ကျောင်းရှေ့ပေါက်ကိုပြန်လာခဲ့သည်။
ဘယ်သူမှလည်းမရှိတာကြောင့်ကူးကူးပိုငိုမိသည်။

"အဟင့်ဘူမှလည်းရှိတော့ဘူး...ကိုကိုကလည်းလားမခေါ်ဘူး
သရဲကြီးကိုခြောက်ရင်...အီး...ကိုကိုရက်စက်တယ်..."

ကျောင်း ရှေ့ကိုလာရင်း ကူးကူးဘယ်ညာ ကြည့်ပြီးသရဲကြီးဘွားခနဲပေါ်လာမှာလည်းကြောက်ရသေးသည်။

"ဦးလေးမြ ပြန်ရင်ပြန်လေ...ကျွန်တော် ကျောင်းသေချာစစ်ပေးပါမယ်..."

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now