အချစ်​ဦးမို့...ချစ်​ပါသည်​..."30"

18.5K 1.9K 129
                                    

#unicode
#zawgyi

ဆေးရုံကုတင်ထပ်မှာ အိပ်ပျော်နေတဲ့ ကလေးငယ်...
လက်ဖမိုးပေါ်မှ ဆေးသွင်းထားတဲ့ နေရာလေးကို
ကြည့်မိတော့ရင်ထဲမှာ နာကျင်နေမိသည်။

တစ်ချက်တစ်ချက် ကိုကို လို့ ညည်းညူလိုက်တိုင်း
လက်ဖမိုးလေးကို ခပ်ဖွဖွလေးနမ်းမိမထိ မင်းသန့်ယူကြုံးမရဖြစ်််မိသည်အထိ။

ဘယ်တော့မှ ဆေးရုံဆေးခန်းကို သွားရတယ်ဆိုတာ
မရှိတဲ့ထိ ကျန်းမာတဲ့ ကလေး..
အခုတော့ ဆေးရုံမှာလူးလှိမ့်နေအောင်ငိုကြွေးပြီးမှ
အိပ်မောကျသွားခဲ့သည်။

ကူးကူးလေး ဒီလိုဖြစ်ရတာလည်းသူ့အပြစ်ကြောင့်ပဲ.....
နောက်ဆိုရင် လွတ်လပ်တဲ့ ကူးကူးလေးဘဝကို
မထိခိုက်ဖို့ သူအများကြီးဂရုစိုက်ရပေမည်။

ကူးကူးကို ဒီလို ဖြစ်အောင်လုပ်တဲ့ကောင်လေးကိုလည်း
ရဲရင့်တို့ကိုယ်တိုင် ရဲစခန်းမှာအမှုဖွင့်ခဲ့သည်။

ထိုကလေးရဲ့ မိဘတွေ သူတို့ဆီ
လာတောင်းပန်ပေမယ့်အတွေ့မခံ....

သူတို့သာ တစ်ချက် နောက်ကျခဲ့ရင်
အခုချိန်မှာ ကူးကူးဘဝပျတ်နေလောက်ပြီ....

အားလုံးရင်ကွဲနာကျရမယ့် လုပ်ရက်မျိုးကိုရွေးချယ်ခဲ့တဲ့
ထိုကလေးကိုနောင်ကျဉ်အောင် ဆုံးမရမည်။

"အင့်ကိုကို...."

"သတိရပြီးလား..ဘယ်နေရာနေလို့မလဲ မကောင်းတာရှိလဲ
ကိုကို့ကိုပြောနော်...တစ်ခုခုအဆင်မပြေတာရှိလား...."

"အင်း....ကူးကူးဗိုက်ဆာတယ်...."

"ဟင်...."

"ကူးကူးဗိုက်ဆာတယ်..."

"ဟုတ်ပြီ အခြားအဆင်မပြေတာ....ရှိသေးလား...."

"ရှိဘူး ...ဗိုက်ဆာတယ်လို့...."

မျတ်နှာလေးစူးပုတ်ကာပြောလိုက်တဲ့ ကူးကူး

"ငါသိတယ် ..ငါသိတယ် အစားသရဲက နိုးတာနဲ့
အစားတောင်းမယ်ဆိုတာ...ငါဝယ်ခဲ့တယ်ဟေ့..."

ပြောလည်းပြောအခန်းထဲ ဝင်လာတဲ့ ဉာဏ်နဲ့ ရဲရင့်...

အစားထုတ်တွေတွေ့တော့မျတ်လုံးလေးကတောက်ကာ
အစားထုတ်လေး ရွေ့လျား နေရာပဲ လိုက်ကြည့်နေတဲ့
ကလေး......

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now