အချစ်​ဦးမို့...ချစ်​ပါသည်​..."27"

17.6K 2.1K 183
                                    

#unicode
#zawgyi

မေမေခင်အိမ်ရှေ့မှာအင်္ကျီဝမ်းဆက်လေးရယ်
ပုဆိုးလေးရယ်ကိုင်ပြီး ကူးကူး မတ်တပ်ရပ်နေမိသည်။
အရင်ကဆိုရင်တံခါးမရှိဓားမရှိဝင်နေပေ့မယ့်
အခုကကူးကူးလိမ္မာနေပြီလေ...။

အခုတောင် မေမေခင်တို့်ကို သီတင်းကျွတ်ကန်တော့ဖို့်
လာတာပဲ...။
မေမေခင်တို့ကို ချစ်လို့ပါနော်၊
မုန့်ဖိုးလိုချင်လို့်မဟုတ်ဘူးရယ်..။

နောက်ဆုံးအားတင်းကာ လူခေါ်ဘဲလေးကိူ တီးလိုက်သည်။

ခြံတံခါးပွင့်လာပြီး ကူးကူးကိုပြေးဖတ်တဲ့ မေမေခင်....

"မေမေခင်အသဲလေးရယ် မေမေခင်က လွမ်းနေတာ...
လာလာ အိမ်ထဲ သားရေ အကိုရေ ကူးကူးလာတယ်..."

အပေါ်ထပ်က ပြေးဆင်းလာတဲ့ ကိုကို
ဦးဦးကတော့ ကူးကူးကိုအရင်လ်ိုမျက်နှာတည်ကြီးနဲ့ပင်...

"ကူးကူးလေးအိမ်လာတယ်...ကူးကူး ထမင်းစားပြီးမှပြန်နော်..မေမေ ကူးကူးကြိုက်တာတွေချက်ကျွေးရအောင်နော်.."

"အို ချက်ကျွေးမှာပေါ့
ငါတို့ ရဲ့သားလေးဘာစားချင်လဲပြော.."

ကူးကူးရဲ့ ပါးပြင်နုနုကိုချစ်စနိုးလေး ပွတ်သပ်ရင်းပြောလိုက်တဲ့ မေမေခင်။

"မေမေခင်လက်ရာ ငါးဖယ်သုတ်...
ပဲနဲ့ကြက်သားချက်တာရယ်
အာလူးကတ်သလစ်ကြော်ရယ်..."

ဘယ်လိုပဲ မကျေနပ်ပါစေ..
ကူးကူးသည်အစားအပေါ်တွင်တော့
ရောက်ရာအရပ်တွင် သစ္စာရှိသည်။

"ဖြစ်စေရမယ်...မေမေခင် ကိုယ်တိုင်ချက်ပေးမယ်..."

"ကူးကူး ဦးဦးနဲ့မေမေခင်ကို လာကန့်တော့တာ..."

ယူလာတဲ့အထုတ်လေးကို ဗန်းလေးနဲ့ထည့်ပြီး
မေမေခင်နဲ့ ဦးဦးကို ကန်တော့လိုက်သည်။

"ကူးကူးလေး လိုချင်တာ အကုန်ရပါစေ..."

ကိုကိုကောလားလိုအရင်လိုမမေးတော့ပါ...
ကိုကိုက သူများအပိုင်ဖြစ်တော့မှာမို့...
အဲလိုတွေးတော့ငိုချင်လာသည်။
ဒါမယ့် မျက်စိရှေ့မှာရောက်လာတဲ့
ကဒ်လေးကြောင့်မျက်ရည်လေးကပြန်ဝင်သွားသည်။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now