အချစ်​ဦးမို့...ချစ်​ပါသည်​..."12"

19.5K 2.7K 132
                                    


#unicode
#zawgyi

၈နှစ်ကြာပြီးနောက်.......

"အား....ခါးတွေတောင်ညောင်းတယ်"

ပြောလည်းပြော ခေါင်းတွေဘာတွေခါကာ ဘေးနားကခွက်ထဲက ရေနွေးလက်ကျန်လေးကိုမော့လိုက်သည်။
အခုဆိုမင်းသန့် ဘွဲ့ရပြီး ဖေဖေနဲ့တူတူ
အလုပ်တွေလုပ်နေပြီ....။
အလုပ်ဝင်စမို့ မသိတာတွေကိုသင်ချင်ဇောနဲ့ အလုပ်မှန်သမျှလောဘကြီးစွာ အိမ်ထိသယ်သယ် လာစမြဲမို့်...။

"၁၀နာရီတောင်ထိုးပြီ..."
ညနေ ထမင်းစားပြီးထဲက စာရင်းတွေထိုင်စစ်နေတာမို့... အချိန်တွေကုန်မှန်းတောင်မသိ...
စံအိမ်ရဲ့ ရန်ပုံငွေ တွေပါစစ်ရတာမို့ မင်းသန့်အမှားမခံနိုင်။
သူများအလှုငွေတွေပါတာဖြစ်တဲ့အတွတ် အမြဲတိတိကျကျသာဖြစ်ချင်တဲ့စိတ်ရှိသည်။
ဓာတ်ဗူးထဲက ရေနွေးကြမ်းကိုငဲ့ပြီး
မင်းသန့် ဝရံတာဘတ် လျှောက်လိုက်သည်။
ညနေသည် အေးမြနေပြီး ပင်ပန်းခဲ့သမျှကိုတိုက်စားသွားသည့်နှယ်...။
ရေနွေးကြမ်းကိုမှုတ်သောက်ရင်း
အသက်ဝဝရှူလိုက်မိသည်။
ကော်ဖီတွေ သိပ်မသောက်ဘဲ ရေနွေးကြမ်းပဲ
သောက်တတ်တာမို့်ကူးကူးဆို အသက်မကြီးပဲကိုကိုက အိုနေတာလို့အမြဲပြောတတ်သေး...

"အဲဒါဘာလဲ...အဲဒါကူးကူးမဟုတ်လား..."

ကူးကူးတို့ ခြံရဲ့ထောင့်မှာ ခိုးကြောင်ခိုးဝှက်နဲ့ ခြံကျော်နေတဲ့သူရဲ့ငမြွေထိုးကူးကူး....
သေသေချာချာကြည့်လိုက်မှ
နောက်ကောင်လေး တစ်ယောက်ပါ တွေ့တော့ ကြည်နေတဲ့စိတ်တွေနောက်ကျိကုန်သည်။

"ဘာလဲ ချိန်းတွေ့နေတာလား....တွေ့မယ် ...အရွယ်က လက်တောက်လောက်နဲ့ ဒီအချိန်ရည်စားနဲ့ခိုးတွေ့နေတာ"

အိမ်ပေါ်ကအမြန်ဆင်းပြီး
အမိဖမ်းရမယ်...
အိမ်ရှေ့အပေါက် ကဆို ဒင်းကလျှစ်နေတာ
ဘေးပေါက်ကထွက်ပြီးအသာလေးသွားလိုက်သည်။
စာမကျက်ပဲ ခိုး တွေ့နေတာ အမြှီး ကနေဆွဲပီး
လူကြီးတွေနဲ့တိုင်ပြမယ်....

ပန်းခြုံတွေစိုက်ထားတာမို့်မင်းသန့်လာတာကိုမမြင်...အဟင်း ..သက်သေအဖြစ် dark modeဖွင့်ပြီးဓာတ်ပုံပါရိုက်ယူထားလိုက်သည်။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now