အချစ်​ဦးမို့...ချစ်​ပါသည်​..."33"

16.4K 1.8K 113
                                    

#unicode
#zawgyi

မောင်မင်းသန့်မောင်

နှင့်

မောင်အလင်းကူး

ထိမ်းမြားလက်ထပ်မင်္ဂလာပွဲ

ဘဝမှာအပျော်ရွင်ဆုံးအချိန်က ကိုယ်ချစ်ရသောသူနဲ့
လက်ထပ်ရတာပဲတဲ့.....
ထိုထက်ပိုသာစွာ ကူးကူးကတော့ အချစ်ဦးနဲ့
လက်ထပ်ရသလို ကိုယ့်ကို ချစ်ခင်ကြင်နာတဲ့မိဘဆွေမျိုးနှင့်
အပေါင်းအသင်းများကကောင်းချီပေးတာကိုလည်းခံရသည်။

အဖြူရောင်သတိုးသားဝတ်စုံ နဲ့ကူးကူး
တစ်ကိုယ်လုံးပေါ်မှန်ရှေ့တွင် ရပ်ကြည့်နေမိသည်။

မကြာခင်သူက ကိုကို့ အပိုင်ဖြစ်တော့မည်။
ထိုကဲ့သို့ပင် ကိုကို သည်လည်း ကူးကူးအပိုင်
ဖြစ်လာတော့မည်။

စကားပြောတတ်စ အရွယ် ထဲက ကိုကို့ကို ချစ်တယ်လို့
ပြောခဲ့သောကူးကူးဟာ သေဆုံးချိန်ထိ ကိုကို့ကိုသာချစ်သည်ဟု ပြောသွားနိုင်တော့မည်။

ဆံနွယ် ကောက်ကောက်လေးဟာ
နဖူးပေါ်မှာဝဲဝဲလေးပဲထားကာ
၅ပေ ၆ အရပ်လေးနဲ့ကလေးဆန်မှုတွေ မပျောက်ဆုံးသွား
နောက်လဆိုကျောင်းတတ်ရတော့မယ် ကူးကူးကြောင့်
ကိုကိုဟာစိတ်မချခြင်းများစွာနဲ့ လက်ထပ်ဖို့ အတင်းပြောခဲ့သည်။
ကူးကူးကတော့ သိပ်မယူချင်သေးတာကြောင့် ၁နာရီ လောက်
အချိန်သေချါယူပြီးမှ ခေါင်းငြိမ့် ပြီးကိုယ့်ကို တန်ဖိုးမြှင့်ခဲ့ရသေးသည်။

"ဝါး.....အလင်းကူး...အရမ်းမိုက်တယ်ကွာ....."

အဖြူရှပ်ကို ကုတ်တွေဘာတွေထပ်ဝတ်ထားတဲ့ရဲရင့်
ကျန်တဲ့သူများကတော့ နိုင်ငံခြားမှာကျောင်းတတ်နေပြီမို့်
မလာနိုင်လို့တောင်းပန်ကြောင်းပြောထားတာမို့်
သူတို့ကို ကူးကူးစိတ်ကောက်နေတယ်....

"ကိုကြီးမင်းသန့်ကို ဒီလိုပေးရတော့လည်နှမျောလာသား...
"

"ပေါက်ကရေတွေမပြောနဲ့....မင်းရဲ့ဆရာကြီးကူးကူး
မင်္ဂလာယူနေတယ်..အဲ့တော့ဂုဏ်ယူပါတယ် ဆိုတာကလွဲရင်
ဘာအသံမှမကြားချင်ဘူး...."

"ဟဟ ဂုဏ်ယူပါတယ် ကွာ...လာပါအုံး... မရိုးမသားဈတ်လေးတွေနဲ့ နောက်ဆုံးအနေနဲ့ဖတ်ချငိလို့...."

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now