အချစ်​ဦးမို့...ချစ်​ပါသည်​..."18"

20.2K 2.5K 163
                                    

#unicode
#zawgyi

"ကိုကို..."

ကိုယ်တွေပူပြီး ခေါင်းတွေကိုက်နေလို့မင်းသန့် မှေးနေချိန်အသံစာစာ ကူးကူးအသံကြောင့် ခေါင်းခါလိုက်သည်။
နေမကောင်းတော့ ထင်ယောင်ထင်မှားတွေကြားနေရတဲ့ပုံပါပဲ။
အတိတ်ဆိုးနမိတ်ဆိုးတွေဟာ မင်းသန့်ရဲ့ပစ္စုပ္ပန်မှာလွှမ်းမိုးနေပုံ။

ကူးကူး ကိုရင်ဝတ်နေတာ၃ရက်ပဲရှိသေးတာ...။
ဒီကလေးစိုးသွမ်းတာကို သူတော်တော်ထိန်းခဲ့ရလို့အသံတွေတောင်နားထဲကြားနေပုံပဲ...။

"ကိုကို ... ကူးကူးရဲ့ ကိုကို...အနာဂတ်ကိုကို..
အူကျူးလေးကိုကို..."

ဘုရားဘုရား ကယ်တော်မူပါ...။
မကောင်းတဲ့အတတ်ပညာတွေနဲ့ ပြုစုထားသူများအားဖယ်ရှားပေးပါ...
မျက်လုံးမဖွင့်ရဲပဲ စိတ်ထဲကနေ ဘုရားစာရွတ်နေမိသည်။

"ကိုကို..."

"အား...."

ခေါ်နေတာကို မထူးပဲ မျက်လုံးကြီးစုံမှိတ်ပြီးပွစိပွစိလုပ်နေတဲ့ကိုကိုကြောင့် ကူးကူး ဖြေးဖြေးလေးကိုကို လက်မောင်းလေးကို အသာလှုပ်ပြီး
ခေါ်လိုက်တော့ မျက်လုံးဖွင့်လာပြီးအလန့်တကြားအော်လိုက်တဲ့ ကိုကို့ကြောင့် ကူးကူးပါ လိပ်ပြာလွင့်သွားတော့မလိုပင်....။

"ကိုကို..ကိုကို ဘာဖြစ်တာလဲဟင်...ကူးကူးရဲ့ကိုကိုအိမ်မက်ဆိုးတွေမက်နေတာလား...ကူးကူးရှိတယ်မကြောက်နဲ့ မကြောက်နဲ့...."

မင်းသန့်ရှေ့မှာ ချွေးသံတစ်ရဲရဲ ခေါင်းတုံးပြောင်ပြောင်နဲ့ သူ့ကို ကလေးချော့သလို ချော့နေတဲ့ ကူးကူးကြောင့်မင်းသန်ထိုင်ငိုချင်သွားသည်။
ခေါင်းကိုက်နေတာတောင်ဘယ်နားရောက်သွားလဲမသိတော့ပါဘူး။
ဘုရားရှင်က မင်းသန့်ရဲ့ဆုတောင်းကိုမဖြည့်စီးပုံပဲ။

"ကူးကူး... မပျော်ရင် ၁၀ရက် ပျော်ရင်တစ်သက်ဆို...ဘာလိုထွတ်လာတာလဲ...အဆင်မပြေတာရှိလို့လားကိုကို့ကိုလှမ်းပြောပေါ့ကွာ..."

"ကိုကို့ကို လွမ်းနေတာက လွဲရင် အကုန်အဆင်ပြေတယ်၊အခုလည်း ကိုကိုနေမကောင်းတာကို အာရုံရနေလို့်ကိုရင်ထွတ်လာရတာ မောပါ.. အမေးကိုထူးတယ်နောိ
အသက်ကြီးလို့ထင်တယ်ကိုကိုလည်း..."

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now