အချစ်​ဦးမို့ ချစ်​ပါသည်​..."32"

16.9K 1.9K 132
                                    

#unicode
#zawgyi

အဖြူရောင်shirtလက်ရှည်ကို စတိုင်ပင် အနက်ရောင်နှင့်
တွဲဝတ်ကာ လက်တစ်ဖတ်ကိုဘောင်ဘီအိတ်ထဲ ထည့်ပြီး
စားသောက်ဆိုင်ထဲဝင်လာတဲ့ မင်းသန့်
သူဘေးတွင် Hoddieမိုးပြာရောင်လေးကို
အဖြူစွပ်စွပ် ဂျင်းဘောင်းဘီနဲ့ ကောင်ငယ်လေးက
လက်မောင်းကိုခိုတွဲပီး လိုက်ပါလာသည်။

မင်းသန့် သူ့လက်မောင်းပေါ်ခိုတွဲပီး
ပါလာတဲ့ ကူးကူးကို
တစ်ချက်ကြည့်ကာ မင်းသန့်ပြုံးမိသည်။

အစားပဲစဉ်စားတတ်တဲ့ ကောင်လေးဟာ
သူရဲ့အကြံအစည်တွေကို မသိသလို...

ဒီနေ့အောင်စာရင်း ထွက်ကာ
သူရဲ့ အသည်းညှာလေးမှာ ၅ဘာသာ ဂုဏ်ထူးနဲ့မို့
ဆေးကျောင်းဝင်ဖို့ သေချာနေပြီ...

ကူးကူးဆေးကျောင်း တတ်မှာသေချာ ထဲက
ဖေဖေက ဆေးရုံတွေမှာ shareအများဆုံးဝင်ထားကာ
သူ့ သမတ်လောင်းလေး ဆရာဝန်ဖြစ်ရင်
ရေကန်အသင့် ကြာအသင့်ဖြစ်အောင် စီစဉ်ထားသေးသည်။

ကျောင်းတတ်ရင် စိတ်မချတော့တဲ့ မင်းသန့်ကတော့
ဒီနေ့ ကူးကူးစားချင်တဲ့ဆိုင်ကို
တစ်ဆိုင်လုံးငှါးကာ proposeလုပ်ဖို့စီစဉ်ထားသည်။

အကူအညီပေးတဲ့ သူတွေကတော့ သူရဲ့အမှတ်စဉ်တစ်သိုက်နဲ့ ကောင်းကင်ဉာဏ်ပင်....

ကူးကူးပျော်ရင် ကျေနပ်ပါပြီလို့ ပြောတဲ့ ထို ကောင်လေးတွေဟာကူးကူးအပေါ် မေတ္တာစစ် မေတ္တာမှန်ချစ်မှန်း
သိသာလွန်းသည်။

သူကိုproposeမှာမသိတဲ့ ကူးကူးကတော့
ဘာအရင်စားမယ် ညာအရင်စားမယ်
ဘေးကနေပြောနေသည်။

ကူးကူးအတွတ် မေမေကိုယ်တိုင် စီစဉ်ပေးထားတဲ့ သူတို့
စံအိမ်ရဲ့ လက်စွပ်ကို စာဖိုမှူးကိုပေးခိုင်းကာ
အစားထဲ ထည့်ရင် ကူးကူး ရဲ့အစားသရမ်းပုံနဲ့
ဗိုက်ထဲ ဝင်သွားမှာစိုးမည်ဆိုတဲ့ အကြောင်း
ရဲရင့်သုတရဲ့အကြံပေးမှုကြောင့်
Love you ဆိုတဲ့ အလံသေးသေး လေးနဲ့အတူ
အပေါ်လေးမှာ တင်ထားဖို့ စီစဉ်ထားရသည်။

ကူးကူးက ထိုလက်စွပ်လေးကိုတွေ့တာနဲ့ သူက
ဒူးထောက် ထိုင်ချလိုက်ကာ Merry meလို့ပြောပြီး
လက်ထပ်ခွင့်တောင်းမည်။
ဆိုင်ထဲ တွင်ရှိသောသူ့အမှတ်စဉ်တွေက
သီချင်းဖွင့်ကာ လက်ခံဖို့ ပြောကြမည်။

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now