အချစ်ဦးမို့ချစ်ပါသည်..."20"

19.6K 2.2K 199
                                    

#unicode
#zawgyi

ရဲရင့် ပါလာတဲ့ ကြေးအိုးထုတ်လေးဆွဲကာ ခြံထဲအမြန်ပြေးလိုက်လာရသည်။
ကြေးအိုးထုတ်လေးပါလာတော့ ကူးကူးရဲ့
မျက်လုံးက ရဲရင့်ရဲ့လက်ထဲကိုအာရုံစိုက်နေတာကိုတောင်ဂရုမပြုနိုင်တော့ပါ။

"ကိုကြီးမင်းသန့်ထိုးပစ်...တစ်ချက်ထဲ လား ဟာဗျာ..​လေးချက်လောက်ထပ်ထိုးပေးပါဗျာ...ဘယ်နှယ်​​လေးယောက်တောင်မဖြစ်မနေပါဆို...ကူးကူး ငါတို့အမှတ်စဉ်ထဲမထည့်ရဘူးနော်...မရဘူးနော်..."

ခြံဝကနေ အလန့်တကြားပြေးဝင်လာတော့ကူးကူးကတော့အတည်ဝင်ဆဲဲပြီထင်တာ​လေ။ဘယ်နှယ်သူကပါ ထိုးခိုင်းနေသေးတယ်။

"မင်းကကော ဘာလာလုပ်တာလဲ...."

" ကျွန်တော် တရားဝင်ပါမစ်နဲ့လာတာပါနော်...ကူးကူးအတွက်ကြေးအိုးလာပိုတာ...ဟွန့်..."

ဉာဏ်မှာ သူတို့်ကို ကြည့်ပြီး လဲကျနေရာကနေတောင်မထနိုင်သေး....။

"ကိုကိုကော ရဲရင့်ကော တိတ်...အကုန်တိတ်ကြ...အခုချိန်မှာသေချာတွက်ချက်မယ်ဆို မြန်မြန်က ကူးကူးကိုမုန့်များကြီးကျွေးထားတာ...မြန်မြန် လာထ ...နာသွားလားဟင်...ကူးကူးကများ​ကြီးအားနာတာမို့စိတ်ဆိုးပြီးအိမ်မလာတာတို့ မုန့်မဝယ်ကျွေးတာတို့မလုပ်ပါနဲ့နော်...."

မြန်မြန်ကို ကူးကူးတွဲထူပေးလိုက်သည်။
ဒီဇိုင်းကာလာ အနေအထားအရမြန်မြန်က
အခုချိန်မှာမုန့်အကျွေးနိုင်ဆုံးမလား....။

ကိုကို ထိုးလိုက်လို့ စိတ်ဆိုးသွားရင် ကူးကူးပဲမုန့်ငတ်မှာလေ။
အခုအချိန်က ကျောင်းပိတ်ထားတာ။

ကောင်းကင်ဉာဏ်ကို ပြေးထူပြီး သူထိုးလိုက်တဲ့
နေရာကိုပါကြည့်ပြီး သဲသဲလှုပ်နေတဲ့
အရှေ့က ကတုံးကို မင်းသန့်တီးချင်နေပြီ...
ဘယ်နှယ်သူသာလက်မဦးရင်ဒီကောင် ကူးကူးကို နမ်းပြီးနေလောက်ပြီ။
ဘာမှမသိတဲ့ ကတုံး..။
ခေါင်းထဲ အစားပဲရှိတဲ့ ကတုံး..။

ဒါမယ့် အပြင်မှာတော့မပြောပါဘူး...
ကူးကူးပြန်ပြောရင်သူပိုပြီးခံရနိုင်တယ်လေ...။

ဒင်းလေးကတော့ ကောင်းကင်ဉာဏ်ကို
တွဲပီးကြေးအိုးထုတ်လေးဆွဲပြီးအိမ်ထဲဝင်သွားချေပြီ...။
မင်းသန့်ရင်ထဲမှာနေလို့လုံးဝမကောင်း...
သူပိုင်တဲ့ အရာလေးသူများယူကစားနေသလို
ခံစားချက်မျိုးနဲ့...

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now