ဇာတ်လမ်းမိတ်ဆက်

67.8K 2K 69
                                    


အငြိုး တွေက မိုးသားအသွင်
ရွှာသွန်းခဲ့လျှင် ထိုမြေသားက
ကျိန်စာသင့်ခြင်းအထိန်းအမှတ်တစ်ခု....။

အမုန်းတွေက လေဟာနယ်တစ်ခွင်
ဝေ့ဝဲပျော်မြူးဖြတ်သန်းခဲ့လျှင်
မိုးသားတွေက ငိုကြွေးပေးရ၏.....။

ငါသည်လည်း ငါ၏ အမုန်းတရားအတွက်
အငြိုးမြစ်တစ်စင်း ကို မင်းရင်ခွင်တစ်လျှောက်
စီးဆင်းစေရင်း... အမုန်းမြစ်ဖျှားတွေ
ခံယူစေသတည်း......။

အမုန်းဖြစ်တည်ရာ အမုန်းအတွက်

အမုန်းတွေ ဆင့်ကဲဖြစ်ပွားစေ ရန်

ကမ္ဘာမြေကုန်သည်တိုင် ငါမင်းကိုမုန်းမည်

ထိုလောက်ပင် ငါမင်းကိုမုန်းသည်။

.
.
.

အကို့အပေါ်ထားတဲ့အမုန်းတရားတွေအတွက်
ညီဖြစ်သူက ခံယူပေးရတာ
ငါ့အတွက်ကတော့ သဘာဝကျတယ်။

ပညာရေးဝန်အမတ်ကြီး xiao zixuan ရဲ့
နလုံးသားက မင်းဆိုတော့လည်း

ငါက ခွင့်လွတ်ပေးစရာ ရှိတော့မည်မထင်

လူမဆန်တဲ့ မင်းအကိုအတွက်
ငါ့အမ ပေးဆပ်နေရသလို

ငါ့အတွက်ကြောင့်မင်းသည်လည်း
စိတ်ဆင်းရဲ ဒုက္ခရောက်နေရမည်။

ဒါဟာပြိုင်ပွဲတစ်ခုဆို....
မင်းဟာ ငါ့ရဲ့သားကောင်ပဲ Xiao Zhan

မင်းဟာ ငါလက်ထဲကသားကောင်ပဲ။

မင်းဟာ ငါလက်ထဲကသားကောင်ပဲ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အိမ်ရှေ့စံ Wang YiBo

မွေးချင်းအမတော် Wang Yan Li
တစ်ဦးသာ ရှိ၏။

သားတော်တစ်ပါးသာထွန်းကားခဲ့သော
Wang မင်းဆက်တွင် သူသည်မမွေးလာခင်ကထဲက
ဘုရင်ဖြစ်ဖို့....တစ်လောကလုံး ကစောင့်ကြိုနေရသည်။

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Where stories live. Discover now