Intro U

17.8K 787 17
                                    

အပြာရောင် ဆေးချယ်ထားတဲ့ နှစ်ထပ်တိုက်အဆောက်အဆုံးကြီးရှေ့.... ကားနှစ်စီးထိုးရပ်လိုက်သည်နှင့်
ခြံထဲကကလေးများ.... လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည် ။

ကားပေါ်ကဆင်းလာသည့် လူငယ်အုပ်စုကို... မြင်သည့် ကလေးငယ်တို့ဧ။မျက်နှာတွင်လဲ.... အပြုံးပန်းဝေဆာစွာနဲ့ အသံပေါင်းစုံဆူညံပြီး ခုန်ပေါက်နေကြလေသည် ။

" ကလေးတွေ တန်းစီမယ်... တန်းစီမယ် တိုးတိုး "

နှုတ်ခမ်းပေါ် လက်ညိုးလေးတင်ရင်း.... ကလေးတွေကို ငြိမ်အောင်ထိန်းနေသူက မိဘမဲ့ဂေဟာရဲ့... ကျောင်းအုပ် အန်တီဆွီး ဖြစ်သည် ။

" မင်္ဂလာပါ တီတီ "

" မင်္ဂလာပါကွယ် သားတို့သမီးတို့ လာ "

ဖတ်လဲတကင်းဖြစ်နေကြတဲ့ ကလေးတွေကို ချီသူကချီ  ၊ လက်ဆွဲသူက ဆွဲ ၊ ပါလာသည့် အထုပ်အပိုးများကို သယ်သူကသယ်နှင့်.... အပြာရောင်ကောင်းကင်ကြီးအောက်...... ပရဟိတ တက္ကသိုလ်လူငယ်လေးတွေရဲ့ လှုပ်ရှားပုံများဖြင့် လှပနေလေသည် ။

" ကိုကို မမတွေစကား... နားထောင်မယ်နော် "

" ဟုတ်ကဲ့ "

ရောင်းသူ ဝယ်သူအသံတူစွာနှင့် ဖြေကြားပြီးနောက်
လူစုခွဲရင်း.... ကိုယ့်အလုပ်ကို လုပ်ကြရသည် ။

ကလေး၅၀ကျော်ကို အုပ်စုဖွဲ့ပြီးတစ်ဖွဲ့မှာ ထိန်းသူ ၃ယောက်စီဖြင့် တစ်နေ့လုံး.... ကလေးတွေဘေးနေပေးရင်း ပျော်စရာဖန်တီးပေးကြတာဖြစ်သည် ။

" ဟိုဘက်ထောင့်မှာ ထိုင်နေတဲ့ကလေးကိုတွေ့လား "

"  မျက်နှာတည်တည်နဲ့ ကောင်လေးလား မမ "

မုန့်တွေကို ကျွတ်ကျွတ်အိတ်ထဲ ခွဲထည့်နေရင်း.... အခုမှ အသစ်ဝင်လာတဲ့ ဂျူ နီယာတွေကို.... မှတ်ထားသင့်တာလေးတွေ ပြောပြနေကြသည် ။

" ဟုတ်တယ် ဒီကိုလာတိုင်း အဲ့ကောင်လေးက အဲ့လိုဘဲ.... တစ်ခြားကလေးတွေ ဆော့သလောက် သူကတော့ အဲ့လိုလေးဘဲ "

" စီနီယာတို့အုပ်စုကို စိုက်ကြည့်နေတယ်ရော် "

" အဲ့ဒါလဲ လာတိုင်းအဲ့လိုဘဲ.... အုပ်စုလိုက်ကို ကြည့်တာမဟုတ်ဘဲ တစ်ယောက်ထဲကို ကွက်ပြီးကြည့်နေတာ ။ ဘယ်သူ့ဆီကိုလဲဆိုတာ ပြန်ခါနီးရင်သိမယ် ကြည့်နေ "

My Deepest Love {YIZHAN}Where stories live. Discover now