EP-15 U

4.5K 428 4
                                    

ညကတစ်ညလုံး တံခါးကိုမှီပြီး အိပ်ပျော်သွားတာကြောင့် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုပင်။ နိုးနိုးချင်း အခန်းထဲပြန်ဝင်ချင်ပေမယ့် ကောစိတ်ညစ်မှာဆိုး၍ သူဘဲစိတ်လျှော့ပြီး တစ်ဖက်ခန်းထဲဝင် ကိုယ်လက်သန့်စင်လိုက်ရတယ် ။

ပြီးတာနဲ့ အောက်ထပ်ကို ဆင်းလာပြီး မီးဖိုခန်းထဲဝင်လာလိုက်တယ် ။ စားပွဲပေါ်မှာ မနက်စာအဆင်သင့်ရှိနေပေမယ့် ကောစားဖို့တစ်ခုခုလုပ်ပေးချင်တာမို့ အေပရွန်ကို ဝတ်လိုက်ပြီး ကြက်သားစွတ်ပြုတ်ချက်တော့တယ် ။

အခြေအနေကိုသိနေတာမို့ ဦးလေးတို့လဲ ဘာမှဝင်မပြောဘဲ ဘေးနားမှာသာ ရပ်နေပေးကြတယ် ။

မနေ့က ပြန်လာကတည်းက ဘာမျှမစားရသေးတာမို့ လူက မူးနောက်နောက်ဖြစ်ချင်နေတယ် ။ ကောက သူ့ထက်တောင်ပိုအားနည်းနေမှာမို့ အစာလေးဖြစ်ဖြစ်ဝင်အောင်ကျွေးရမယ် ။

တစ်နာရီနီးပါး ကုန်သွားမှ ရသွားတဲ့ကြက်သားစွပ်ပြုတ်ကို ပန်းကန်ထဲထည့်ပြီး ရိပေါ်အိမ်ပေါ်ထပ်တက်လာခဲ့လိုက်တယ် ။

အခန်းတံခါးဖွင့်ဖို့လုပ်တော့ အပြင်ကနေ ခတ်ထားတဲ့သော့ကိုတွေ့တော့ ရိပေါ် ပြုံးလိုက်မိတယ် ။ နှုတ်ခမ်းလေးတစ်ဖက်တွန့်သွားရုံမျှသာ ။ သူ ဒီလိုအလုပ်တွေပါ လုပ်နေရပြီးလား ။ ကောနဲ့ပတ်သတ်ရင် ခုထိ စဉ်းစားဆင်ခြင်တက်တဲ့ညဏ်ကင်းမဲ့နေတုန်းပင် ။

အခန်းထဲဝင်တော့ တံခါးနားမှာ စောင်တွေခေါင်းအုံးတွေ ပြန်ကျဲနေလေသည် ။ ကုတင်ပေါ်က ရှိသမျှပစ္စည်းတွေကို အကုန်ပြစ်ချထားပုံရတယ် ။

ကောကတော့ ပြတင်းပေါက်ဘက်ကို မျက်နှာမူပြီး ကုတင်ပေါ်မှာထိုင်နေတယ် ။ အခန်းတံခါးဖွင့်သံကြောင့် တစ်ချက်သာ လှည့်ကြည့်သည် ။ ကုတင်ဘေး ခုံပုလေးမှာ စွတ်ပြုတ်ပန်းကန်တင်လိုက်ပြီး ရိပေါ်ကတော့ ကောဘေးနားမှာဝင်ထိုင်လိုက်တယ် ။

သူ ဘေးနားရှိနေတာကိုသိပေမယ့် ဘာစကားမျှမပြောဘဲ ငြိမ်နေတဲ့ ကောကြောင့် ရိပေါ်ပဲ စွတ်ပြုတ်ပန်းကန်ကိုလက်နဲ့ကိုင်ပြီး...

" ကော မနက်စာစားရအောင် ။ မနေ့တည်းက ဘာမျှမစားရသေးတာ "

ဇွန်းနဲ့တစ်ဇွန်းခပ်ပြီး အေးသွားအောင် မှုတ်ပေးလိုက်တယ် ။

My Deepest Love {YIZHAN}Donde viven las historias. Descúbrelo ahora