EP-14 U

4.5K 425 11
                                    

'ခွပ်'

အားနဲ့ထိုးလိုက်တဲ့ လက်သီးတစ်ချက်ကြောင့် ရိပေါ် ကြမ်းပြင်ပေါ်ကို ပစ်လဲကြတယ် ။

နှုတ်ခမ်းထောင့်က သွေးတွေကိုလဲ သုတ်ဖယ်လိုက်ဖို့ အသိစိတ်ရှိမနေ ။

သတိမေ့ပြီး အိပ်ရာပေါ်လဲနေတဲ့ ကောကိုသာ မမှိတ်မသုန် ကြည့်နေမိတယ် ။

အဆင်မှပြေရဲ့လား ။

သွေးမရှိသလို ဖြူ လျေျာ့နေတဲ့ မျက်နှာနုနုလေးကို ကြည့်ရင်း ရင်ဘက်က ဆစ်ကနဲနာကျင်ပြန်တယ် ။

" ဝမ်ရိပေါ် မင်း အသိစိတ်မှရှိရဲ့လား....ဟမ်! မင်း ဦးနှောက်မှ ရှိသေးရဲ့လား "

ကောမေ့လဲကတည်းက ခေါ်လိုက်ရတဲ့ အစ်ကိုမင်ဟွေ့က အိမ်ကိုကမန်းကတန်းရောက်ချလာတယ် ။

ရောက်တာနဲ့ ကောကိုတောင် မကြည့်နိုင်သေးဘဲ ကျွန်တော့ကိုဆွဲထိုးပြီး ဒေါသတွေစုပုံချတော့တယ် ။

" ဝမ်ရိပေါ် မင်းတကယ်ကို ဦးနှောက်မရှိတော့တာ ။ ဘာလို့ ပြောပြရတာလဲ ဒီတိုင်းသိလာရင်တောင် ခွင့်မလွှတ်နိုင်မယ့်ကိစ္စမျိုးကို မင်း ဘယ်လိုအသိစိတ်မျိုးနဲ့ ပြောပြနိုင်ရတာလဲ "

" တောင်းပန်ပါတယ် အစ်ကိုမင်ဟွေ့ "

ဒီနေ့ တစ်နေ့လုံး ဒီစကားကို ပြောတာဘယ်နှစ်ခါမြှောက်မှန်းမသိတော့ပေ ။

ကျွန်တော့ဆီကစကားကိုကြားတော့ အစ်ကိုမင်ဟွေ့က စုတ်တစ်ချက်သပ်ပြီး ကုတင်ဘေးလျှောက်သွားတယ် ။

ကောကိုစစ်ဆေးပေးပြီး အတော်ကြာတိတ်သွားပြီးတဲ့နောက် အစ်ကိုမင်ဟွေ့ကဘဲ စကားစလာခဲ့တယ် ။

" မင်းလဲ နာကျင်ရမှာပဲ....  ဒီလိုကိစ္စကို မင်းကိုယ်တိုင်ဖွင့်ပြောရတာ " စကားအဆုံးမှာ သက်ပြင်းတစ်ချက်ချပြန်တယ် ။

"......"

" ရှောင်းကျန့်က ငယ်ငယ်တည်းက စိတ်မှတ်ကြီးပြီး လိမ်တာကိုမုန်းတဲ့လူမျိုး ။ ဒါပေမယ့် အမှားကိုသိပြီး ပြန်တောင်းပန်ရင် ဘယ်လောက်အပြစ်ကြီးကြီး ခွင့်လွှတ်ပေးပြန်တဲ့အထိ စိတ်ကောင်းတဲ့လူလဲဟုတ်တယ် ။ဒါပေမယ့် အခုတော့ ငါတို့ဒီလောက်နဲ့ ရပ်လိုက်ကြရအောင် ရိပေါ် ။ ရှောင်းကျန့်ကို သူ့အိမ်ပြန်ပို့ရအောင် "

My Deepest Love {YIZHAN}Where stories live. Discover now