Extra -3 U

4.7K 364 4
                                    

ညက အိပ်ရေးဝထားသည်မို့ ဒီနေ့မနက်ခင်းမှာတော့ ရှောင်းကျန့် တက်ကြွနေလေသည် ။ တစ်ရက်ကို အိပ်ချိန် ၈နာရီရှိမှ ဦးနှောက်က အလုပ်ပိုလုပ်နိုင်ပြီး memory တွေကိုများများ မှတ်သားနိုင်တာမို့ အခုတလော ကျန်းမာရေးလိုက်စားဖြစ်နေတာလဲပါသည် ။ ဒါမှ သူ့ခြင်္သေ့ပေါက်လေးနဲ့ ကြာကြာနေနိုင်မှာလေ ။

မနက်စာကို ဖျော်ရည်တစ်ခွက်နဲ့ ပေါင်မုန့်မီးကင် တစ်ခုစားထားပြီး နေရောင်ခြည်နွေးနွေးလေးနဲ့အတူ မနေ့က ဖက်လက်စ စာအုပ်ကိုဆက်ဖတ်နေလိုက်သည် ။

ဒီနေ့က သူ့ရဲ့ special အားလပ်ရက်လဲဟုတ်သည် ။

သူဌေးအနားယူလိုက်ပါ ၊ ဒီလိုနေ့တော့ ဆိုင်ကိုမလာလဲ ရတယ်ဟုပြောလာပေမယ့် ရိပေါ်လဲအိမ်မှာမရှိမယ့်တူတူ နေ့လည်ခင်း မှ တစ်ခေါက်သွားကြည့်လိုက်မည်ဟု တွေးထားသည် ။

မျက်လုံးညောင်းနေပြီးမို့ ဖက်လက်စာမျက်နှာမှာ စာမှတ်ကဒ်ညှပ်ပြီး စာအုပ်ပိတ်လိုက်သည် ။

ပြီးနောက် အိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီး ညကပို့ထားတဲ့ message တစ်ခုချင်းစီကို ထပ်ခါထပ်ခါ ဖတ်နေမိသည် ။

မွေးနေ့အမှီ ပြန်လာမည်ဟု ဂျပန်ကို အလုပ်ကိစ္စနှင့် သွားရသော သူသည် အရေးကြီးအလုပ်မပျက်သေး၍ မနက်ဖြန်မှ ပြန်ရောက်နိုင်မည်ဟု ဝမ်းနည်းစွာနဲ့ပြောလာသည် ။

ချစ်ရသူနဲ့ မွေးနေ့ကို မဖြတ်သန်းနိုင်တာကို ရှောင်းကျန့်
ဝမ်းမနည်းဘူးဟုဆိုရင် ညာရာကျမှပင် ။ သို့ပေမယ့် ည၁၂နာရီ တိတိမှာပင် ပထမဆုံး မွေးနေ့ဆုတောင်းကို
ထိုသူဆီက လက်ခံရရှိတာနဲ့တင် ဒီနေ့ရက်ကို သူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပြီး ဖြစ်တယ် ။

Happy Birthdayပါ ကိုယ့်အချစ်ရေ

ပျော်ရွှင်ကျန်းမာပြီး ကိုယ့်အနားမှာအကြာကြီးနေပေးပါ

ကုန်ဆုံးခဲ့တဲ့ ၁၀၅၉၂ရက်မှာ ဘာကိစ္စတွေဘဲရှိခဲ့ပါစေ

ရှေ့ဆက် လျှောက်ရမယ့် တစ်ရက်ချင်းဆီမှာတော့

ကိုယ့်အချစ်တွေနဲ့ ပျော်အောင်ထားပေးပြီး.........

ထွက်သက်တိုင်သည်ထိ ချစ်ပေးပါ့မယ် ။
.
.
.

My Deepest Love {YIZHAN}Where stories live. Discover now