EP-13

2.1K 210 11
                                    

ဆုံးရှုံးမယ့် အရာတစ်ခုကို
မိုက်မိုက်မဲမဲ ပွေ့ဖက်ရတာမျိုး
ကျွန်တော် ချစ်လိုက်တာ ။

စစ်ငြိမ်း

------------------


မနက်ရောက်တော့ ကလေးတွေကို နှုတ်ဆက်ပြီး အိမ်ကို ပြန်လာခဲ့ကြတယ် ။ တစ်ချိန်လုံး ကားမောင်းနေရတဲ့ ရိပေါ်ထက် ရှောင်းကျန့်က ပိုပင်ပန်းပုံပေါ်နေတယ် ။

ညက ခြင်္သေ့တစ်ကောင် သောင်းကျန်းထားတာမို့ လည်ပင်းက အနီစက်တွေကို ကာဖို့ ပူပြီးချွေးပြန်နေပေမယ့် လည်ပင်းပိတ် အနွေးထည်ကြီးကို ရှောင်းကျန့် အိမ်ရောက်တဲ့အထိ မချွတ်ရဲ ။

အခန်းထဲပြန်ရောက်တော့မှ ကုတင်ပေါ်ခြေပြစ်လက်ပြစ် လှဲလိုက်တော့သည် ။

" ဦးလေး ပျားရည်ဘယ်လိုဖျော်ရမလဲ "

" အစ်ကိုလေးအတွက်လား ဦးလေးဖျော်ပေးပါ့မယ် ။ အစ်ကိုလေး ပင်ပန်းသွားတယ်ထင်တယ် "

"ကားအကြာကြီးစီးလိုက်ရလို့ပါ ။ ဦးလေး နေ့လည်စာကို ကြက်စွပ်ပြုတ်လုပ်ပေးပါအုံး "

" ဟုတ်ကဲ့ ဒီမှာပါ "

ဦးလေးကမ်းပေးတဲ့ ပျားရည်ခွက်ကို ရိပေါ်ယူပြီး အိမ်ရှေ့ထွက်လာခဲ့တယ် ။

အပေါ်ထပ်တက်မို့လှေကားနားရောက်ခါနီးမှ ခြံထဲဝင်လာတဲ့ ကားတစ်စီးကြောင့် အိမ်ထဲဝင်လာမယ့်သူကို ရပ်စောင့်နေလိုက်တယ် ။

မောင်းဝင်လာတဲ့အသံနဲ့ ကားဘရိတ်အုပ်လိုက်တဲ့အသံက ကြမ်းလွန်းတယ် ။ ချန်းတော့မဖြစ်နိုင် ။ ဘယ်သူလာတာလဲ ။

ရိပေါ်စဉ်းစားလို့မဆုံးသေးခင် အိမ်ထဲ ဝင်လာတဲ့ ရှဲလီကိုတွေ့လိုက်ရတယ် ။

အခုပုံစံက..... ရိပေါ် နိုင်ငံခြားစရောက်ကာစ ပထမဆုံးတွေ့ရတဲ့ ရှဲလီပုံစံကို ပြန်တွေ့ရသလိုပင် ။ တစ်ခုခုကို အလိုမကျတဲ့ပုံ လက်ရဲဇက်ရဲနဲ့ သူဖြစ်ချင်တာသာသိတဲ့ ကောင်မလေး ။ သူပြောလိုက်တဲ့ စကားတစ်ခွန်းက လူတစ်ဖက်သားကို ဘယ်လိုထိခိုက်စေတာလဲတွေ သူနားမလည်ဘူး ။

ရိပေါ်ကို ဒယ်ဒီတို့် ပထမဆုံး မိတ်ဆက်ပေးတဲ့နေ့ကပင် သူ့ကို မွေးစားသားလို့ခေါ်ခဲ့တယ် ။ မှန်နေတဲ့အရာပဲမို့ သူစိတ်မဆိုးခဲ့ ။ ခင်မင်တာကြာလာတာနဲ့အမျှ သူ့မှာ ကောရှိနေတာကို သိလာတော့ ကောကိုမရှိအောင်လုပ်ပလိုက်ရမလားလို့ပြောဖူးတယ် ။ စတယ်လို့ ပြောပေမယ့် ရှဲလီကို ကောနဲ့ တွေ့ရင် ခုထိစိတ်မချပေ ။

My Deepest Love {YIZHAN}Where stories live. Discover now