Jealous love U

3.7K 306 11
                                    

" ကော ပြီးရင်သွားရအောင် "

" လာပြီ ခဏစောင့် "

Companyကို ရိပေါ်တကူးတကခေါ်ရင်တောင် ရှုပ်တယ်ဆိုပြီး မလိုက်တဲ့လူက ညကအသိပေးထားတဲ့အကြောင်းအရာကြောင့် ခေါက်ဆွဲဆိုင်ကိုတောင်မသွားတော့ပဲ ရိပေါ်အလုပ်ကိုလိုက်မယ်လုပ်နေတော့သည် ။

အိပ်ရေးဝအောင်အိပ်ရမည် ဆိုသောသူသည် ညကအိပ်နောက်ကျသည်ဆိုပြီး ဒီမနက်၉နာရီမှထလေသည် ။ ရိပေါ်ပဲ မနက်စာထချက် ၊ သွားဖို့အဝတ်လဲထုတ်ပေးထားပြီး ၊ မနက်စာကိုလဲ ရင်ခွင်ထဲထည့်ပြီးကျွေးရတော့သည် ။

ရိပေါ်အကုန်ပြင်ဆင်ပြီး အိမ်အောက်ထပ်မှာစောင့်နေချိန် ကောကတော့ ရေချိုးခန်းထဲဝင်တုန်းရှိသေးသည် ။ အရင်က ရေချိုးပြီးအဝတ်အစားလဲတာ နာရီဝက်တောင်မကြာတဲ့လူက အခုတော့ ၁နာရီကျော်နေလေပြီ ။

သူအလုပ်နောက်ကျတော့မှာမို့ Laptopကိုပိတ်ပြီး လှမ်းခေါ်တော့မှ အသံပြန်ပေးလာသည် ။ သို့သော် လူကတော့မတွေ့ရသေး ။ ရိပေါ် နောက်ထပ်နာရီဝက် ထပ်စောင့်တော့မှ လှေကားကဆင်းလာတဲ့ခြေသံ ။

" ကော ကိုယ်နောက် "

စကားတောင်ဆုံးအောင်မပြောနိုင်ပဲ လှေကားမှာရပ်နေသူကိုငေးမိတော့သည် ။ အပြာနုရောင် တီရှပ်ကို တံတောင်ဆစ်ထိခေါက်တင်ထားပြီး ဒီနေ့မှချထားနေကြ ဆံပင်ကိုလဲလှန်သိမ်းထားသည် ။ Green tea ရေမွှေးကလဲ ဧည့်ခန်းတစ်ခုလုံးမွှန်ထူနေလေသည် ။

ထို့နောက် သူ့ကိုငေးနေသည်ကိုတွေ့တော့ မေးငေါ့ပြီးဘာလဲလို့မေးလာသည် ။ ကိုယ့်ယောကျာ်းကို ပြန်ငမ်းနေရတဲ့အဖြစ်ပါလား ။ ရိပေါ် ဒီလောက်ပြည့်စုံတဲ့ယောကျာ်းကိုရထားတာလား ။ ကိုယ့်ကိုကိုယ်တောင် အခုထိမယုံနိုင်သေးဘူး ။ အတွင်းကအူမြူ းနေပုံက မျက်နှာမှာပါ အတိုင်းသာပေါ်နေပုံရသည် ။

" မင်း ဘာဖြစ်နေတာလဲ "

" ဟမ်....ဟမ် ဘာမျှမဟုတ်ဘူး ။ နေအုံး ကောကအခုဘယ်သွားမှာလဲ shooting လား ၊ ကိုယ့်အလုပ်ကိုလား "

ဒီလိုချောမောနေမှုကို သူတစ်ယောက်ပဲကြည့်ခွင့်ရှိတာပေါ့ ။ ဘာလို့တစ်ခြားလူတွေကို ပေးကြည့်ရမှာလဲ ။ မကြိုက်ဘူး ။

My Deepest Love {YIZHAN}Where stories live. Discover now