Propose & Wedding U

4.5K 383 20
                                    

ဒီဇင်ဘာရဲ့ အအေးဓာတ်ဟာ လွန်ကဲသည်။ ရက်၊ လတွေ အလီလီဖြတ်ကျော်ခဲ့ပြီး၊ ရာသီစက်ဝန်းတွေ ပြောင်းလဲသွားပေမယ့် ကျွန်တော်တို့နှစ်ယောက်ကတော့ မပြောင်းလဲဘဲ တူတူရှိနေကြသည်။

မနက်ခင်းမှာ ချစ်ရသူနဲ့အတူ နိုးထရခြင်းက တစ်နေ့တာကို ဖြတ်သန်းဖို့ အားအင်အပြည့်ရပြီး၊ ချစ်ရသူနဲ့အတူ အိပ်စက်ရခြင်းဟာလဲ ဖြတ်သန်းရတဲ့ တစ်နေ့တာလုံးအတွက် ပြည့်စုံမှုကို ခံစားရစေတယ်။

ရှင်သန်ရခြင်းက ချစ်ရသူနဲ့အတူသာဆို အဓိပ္ပါယ်ရှိနေမှာပင်။ အချိန်တွေအကြာကြီး တူတူရှိလာခြင်းက တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့သွားနိုင်တယ်ဆိုတဲ့ စကားက ကျွန်တော်တို့နှစ်ယောက်အတွက်တော့ အသုံးမဝင်ပါ။

အိပ်ရာနိုးကာစ ဆံပင်စုတ်ဖွာနဲ့ ဂျီတိုက်နေရင်တောင်
ရင်ခွင်ထဲထည့်ပြီး ချစ်ဖို့ကောင်းလိုက်တာဟု အထပ်ထပ်ရေရွတ်နေတက်ပြီး၊ တစ်နေကုန်အစားနဲ့ပါးစပ်နဲ့မပျက်တဲ့အခါ ထွက်လာတဲ့ဗိုက်ခေါက်လေးဟာလဲ ချစ်ရမယ့်အရာတစ်ခုတိုးလာသလို၊ ရယ်ပြတဲ့အချိန်တိုင်း အရင်လိုမပြောင်းလဲဘဲ ကဆုန်ပေါက်သွားတဲ့နှလုံးခုန်သံရယ်၊ မျက်ရည်ကျတဲ့အချိန်တိုင်း နွေးထွေးစွာဆီးကြိုပေးမယ့်ရင်ခွင်တစ်စုံရယ်၊ ဒါတွေက ဘယ်တော့မှမငြီးငွေ့နိုင်မယ့် အခိုက်အတန့်လေးတွေဖြစ်တယ်။

ဆုပ်ကိုင်လိုက်တဲ့အချိန်တိုင်း သူ့လက်တွေထဲ ပျောက်သွားတက်တဲ့ လက်ဖဝါးတစ်စုံရယ်၊ ပွေ့ဖက်လိုက်တဲ့အချိန်တိုင်း အံဝင်ခွင်ကျဖြစ်နေတဲ့ ခန္ဓာကိုယ်လေးရယ်။ ဒီလူသားဟာ ကျွန်တော့အတွက် မွေးဖွားလာခဲ့တာဖြစ်ပြီး၊ ကျွန်တော်ဟာလဲ ဒီလူသားလေးတစ်ယောက်ထဲအတွက်ပဲ မွေးဖွားလာခဲ့တာဖြစ်မည်။

ရာသီဥတုတွေထဲ ရိပေါ်က ဆောင်းရာသီကိုသဘောအကျဆုံးပဲ။ ဘာလို့ဆို အအေးဒဏ်ကိုမခံနိုင်တာကြောင့် သူ့ကိုယ်ပေါ်တက်အိပ်ရင်အိပ်၊ မဟုတ်ရင် သူ့ရင်ခွင်ထဲကမထွက်တော့တဲ့ ယုန်ပေါက်လေးကြောင့်ပင်။ အခုလဲ အအေးပြယ်ပြီး ကုတင်ပေါ်ကို နေရောင်ခြည်နွေးနွေးလေးဖြာကျနေပေမယ့် ယုန်ပေါက်လေးက ရင်ခွင်ထဲတိုးဝင်လို့ကောင်းနေဆဲ။

My Deepest Love {YIZHAN}Where stories live. Discover now