EP-12 U

4.7K 512 2
                                    

" ဒါပြီးရင် ဘယ်သွားအုံးမှာလဲ "

" အင်း....ပန်းဆိုင် ခဏဝင်မယ် ပြီးရင် ပြီးပြီး ဆိုင်ဘဲပြန်ကြရအောင် "

" သဘောရှိပါ "

" ဟာသလုပ်မနေနဲ့ အရှေ့ကို ကြည့်ပြီးမောင်း "

" အေးပါကွာ "

ဆံပင်တွေကို လှမ်းဖွတော့ မျက်စောင်းတစ်ချက်က အလိုလို ရောက်လာတယ် ။

လမ်းလေးခွ ဖြစ်နေတာကြောင့် ကားရှင်းမရှင်းသေချာကြည့်ရင်းနဲ့မှ...... မီးနီနေပေမယ့် ကုန်းဆင်းလို နေရာကနေ မောင်းဆင်းလာတဲ့ ကားတစ်စီးကို ကြောင်ပြီး ကြည့်နေမိတယ် ။

ရပ်ပေးလိုက်ရမလား ၊ ကားကိုအရှိန်တင်ရမလား အတွေးများနေတုန်း အရှေ့က ကားမီးရောင် စူးစူးကြောင့်
မျက်လုံးကို လက်တစ်ဖက်နဲ့ ကာလိုက်မိချိန်...

* ပွမ်........ပွမ် *

" အရှေ့မှာ  !!!!!!!!!!"

ကျွီ......ဒုန်း

" ရယ်!!!!!!!! "
.
.
.

.
.
.
.

မြင်ကွင်းတစ်ခုလုံး အမှောင်ဖုံးနေပြီး အသံတွေကိုသာ ကြားနေရတယ် ။

တစ်ယောက်ယောက်က မျက်နှာကို ခေါင်းအုံးနဲ့ဖိထားသလို....

တစ်ယောက်ယောက်ဆီ ပြေးသွားနေပေမယ့် အရိပ်လေးကိုဘဲ ဖမ်းမိလိုက်သလို.....

လျှာဖျားလေးတင် ရှိနေတဲ့နာမည်တစ်ခုကို အော်ခေါ်နေပေမယ့် လည်ချောင်းက အက်ကွဲနေလိုထင် အသံကထွက်မလာ.......

လိုက်နေတဲ့ အရိပ်လေးဆီ ရောက်ခါးနီမှာမှ....ရှောင်းကျန့် လန့်နိုးလာခဲ့တယ် ။

အခုမှ အသက်ရှူ လို့ရသွားတာမို့... အပြင်းအထန် အသက်ကိုရှူ သွင်းသည် ။ အိမ်မက်ထဲကလို အပြင်မှာလဲ မျက်ရည်တွေကျနေတာကို သိလိုက်သည် ။

အိမ်မက်ထဲကလို နာမည်တစ်ခုကို သူ ခေါ်ချင်ပေမယ့် အသံကထွက်မလာ ။

လက်ဖြင့် ဒူးနှစ်ဖက်လုံးကိုပိုက်ထားရင်း....  ရှောင်းကျန့်တစ်ကိုယ်လုံး တုန်ယင်နေသည် ။

" ကော...."

ရှိုက်သံကျယ်သွားသည်ထင် ရိပေါ်လဲနိုးလာလေသည် ။

My Deepest Love {YIZHAN}Donde viven las historias. Descúbrelo ahora